ပြောင်းဆန်တင် တွဲကားယာဉ်

June 1, 2020

ပြောင်းဆန်တင် တွဲကားယာဉ်တိမ်းမှောက်၊ ကားအတွင်း ညှပ်နေသူကို ကယ်ဆယ် (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အာရှလမ်း၊ မိုင်တိုင်အမှတ် ၁၆၀-၁၆၁ ကြားမှာ ဒီနေ့မနက် ၈ နာရီလောက်က ပြောင်းဆန်တွေတင်ဆောင်လာတဲ့ တွဲကားယာဉ်တိမ်းမှောက်ပြီး ကားအတွင်းညှပ်နေသူတဦးကို မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ခဲ့ပါတယ်။ ကော့ကရိတ်ကနေ မြဝတီဘက် မောင်းနှင်လာတဲ့ တွဲကားယာဉ်ဟာ ဘရိတ်ပေါက်ပြီး လမ်းညာဘက်ခြမ်းကို တိမ်းမှောက်ခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မြဝတီခရိုင်မီးသတ်၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်၊ ကော့ကရိတ်ခရိုင်မီးသတ်တို့က ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး မနက် ၉ နာရီကျော်လောက်မှာ ကားတွင်းညပ်နေသူ (မစိုးရိမ်ရ)ကို ကယ်ထုတ်နိုင်ခဲ့ပြီး သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးယာဉ်နဲ့ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
1 year Ago
Up