ပြုပြင်ပြောင်းလဲရေး

A d v e r t i s e m e n t With Us

January 8, 2020

ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး ပြင်သစ်အစိုးရနှင့်အလုပ်သမားသမဂ္ဂ ဆွေးနွေး

ပြင်သစ်  ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က အစိုးရနဲ့ အလုပ်သမားသမဂ္ဂတို့ ညှိနှိုင်းဆွေးနွေးတာတွေ ပြန်စတင်ခဲ့ပါတယ်။  ပြင်သစ်နိုင်ငံတဝန်း ပင်စင်စနစ် ပြောင်းလဲရေးနဲ့ပတ်သက်လို့ ၃၄ ရက်ကြာ သပိတ်မှောက်ခဲ့ပြီး နိုင်ငံရဲ့ ပို့ဆောင်ရေးစနစ်ကို  ထိခိုက်စေခဲ့ပါတယ်။  ဆွေးနွေးပွဲမလုပ်ခင် ဝန်ကြီးချုပ် အက်ဒ်ဝပ်ဖိလစ်က ပျမ်းမျှပင်စင်ယူ အသက်အရွယ် ပြောင်းလဲရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ အလုပ်သမားသမဂ္ဂ  CFDT က ပင်စင်စနစ်ရဲ့ ဘဏ္ဍာရေးပိုင်း  ဆွေးနွေးဖို့ရာ ကွန်ဖရင့်လုပ်ဖို့ အကြံပြုခဲ့ပြီး အဲဒီအဆိုပြုချက်ကို ဝန်ကြီးချုပ် ဖိလစ်က ကြိုဆိုခဲ့တယ်လို့ RTL radio နဲ့  အင်တာဗျူးအတွင်း ဖိလစ်က ပြောခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက သပိတ်မှောက်နေတဲ့ ပြင်သစ်နိုင်ငံပိုင် ရထားလုပ်ငန်း ကုမ္ပဏီ SNCF မှာ လက်ဝဲဝါဒီများတဲ့ CGT သမဂ္ဂဟာ အကြီးဆုံး ဖြစ်ပါတယ်။ သမဂ္ဂခေါင်းဆောင် ဖိလစ်-မာတီးနပ်စ်က သမဂ္ဂနဲ့ အစိုးရအကြားက ကြီးမားတဲ့ ကွာခြားချက်တွေကို အဓိကထား ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up