ပြုပြင်

October 15, 2021

ဖောက်ခွဲဖျက်ဆီးခံရသည့် ကလော့ချောင်းတံတား ပြန်လည်ပြုပြင် (ဓာတ်ပုံ)

ရန်ကုန်-ရေး-ထားဝယ်-မြိတ်ကားလမ်းပေါ်က မိုင်းခွဲခံရတဲ့ ကလော့ချောင်းတံတားကို ဆောက်လုပ်ရေးလမ်းအင်ဂျင်နီယာတွေက နေ့ရောညပါအမြန်ပြန်လည်တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်  ရေးမြို့  ကလော့ချောင်းတံတား ဒေသအခေါ်  ပေ ၄ဝ တံတားဟာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းလောက်မှာ မိုင်းပေါက်ကွဲ ဖျက်ဆီးခံရပြီး တံတားရဲ့ ယက်မ ၁ ချောင်း ပျက်စီးသွားခဲ့တာကြောင့် အိမ်စီးကားနဲ့ တန်ချိန်နည်းတဲ့ ကားတွေကိုတော့ ဖြတ်သန်းသွားလာခွင့်ကို ပေးထားပါတယ်။

တန်ချိန်များတဲ့ ကုန်တင်ယာဉ်ကားတွေကို‌တော့ လက်တလောမှာ ဖြတ်သန်းခွင့် မပြုသေးဘဲ အချိန်မီ ကုန်စည်ပို့ဆောင်ရေးတွေ ပုံမှန်သွားလာလို့ ရအောင်လည်း သက်ဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနမှ လမ်းအင်ဂျင်နီယာတွေက အပူတပြင်း ဆောက်လုပ်နေကြတာပါ။

တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပက်သက်ပြီး ရေး PDF က လုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ဘယ်အဖွဲ့က ဖောက်ကွဲ ဖျက်ဆီးသွားတာတော့ မသိရှိရသေးပါဘူး။

ပုံ  Crd  (ANW)

3 months Ago

January 24, 2021

နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ရတနာဗိမာန်ကြီးဘုရားကို ပြန်လည်ပြုပြင် (ဓာတ်ပုံ)

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ရတနာဗိမာန်ကြီး ဘုရားကို အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၃၅၀ အသုံးပြုပြီး ကျွမ်းကျင်ပညာရှင်တွေက ပြန်ပြုပြင်ပေးနေတယ်လို့ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဗိဿနိုးဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောပါတယ်။ အခု ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်မှာလည်း ဘုရားကြီးကို ဆက်လက်ပြုပြင်နိုင်အောင် ကျပ်သိန်း ၇၀၀ ခွင့်ပြုပေးဖို့ ရှေးဟောင်သုတေသနဦးစီးဌာနရုံးချုပ်ကို တောင်းခံထားပြီး လွှတ်တော်ကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။ အဲဒီရှေးဟောင်းဘုရားရဲ့ အာရုံခံ မုခ်ဦးကို စတင်ပြုပြင်ပေးခဲ့ပြီးတော့ ဘုရားရဲ့ တိုက်မကြီးအတွင်းက ဆင်တုတော် ၄ ဆူကိုလည်း ပြန်လည်တူးဖော်ကာ အခုနှစ်ထဲမှာ အပြီးပြုပြင်သွားမယ်လို့ ဆိုပါတယ်။ တောင်တွင်းကြီးမြို့က ရတနာဗိမာန်ကြီးဘုရားကို AD ၈၅၃ ခုနှစ်က တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်။ မင်းထီး
12 months Ago
More News
Up