ပြုတ်ကျ

December 10, 2020

ထိုင်းအလှမယ်များ ကြိုးတံတားပေါ်က ပြုတ်ကျ ၊ ၃ ဦး ဒဏ်ရာရ  (ရုပ်သံ)

၂၀၂၀ ထိုင်းအလှမယ်ပြိုင်ပွဲဝင် အလှမယ်တွေဟာ ဒီဇင်ဘာ ၇ ရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်ထဲမှာ ပြင်ပလေ့လာရေး ကွင်းဆင်းနေစဉ် ကြိုးတံတားပေါ်က ပြုတ်ကျ ပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။  ကြိုးတံတားပြုတ်ကျတဲ့နေရာဟာ မဲ့တိုင်မြို့နယ် ခီ့လိတ်အုပ်စုရှိ Pang Pao Beach Cafe and Restaurant  တောင်ပေါ်ပင်လယ်အပမ်းဖြေစခန်းမှာဖြစ်ပြီး အလှမယ်ပေါင်း ၃၀ ကျော်ဟာ လက်ထဲမှာ ဝိုင်ခွက်ကိုယ်စီကိုင်ရင်း ကြိုးတံတားပေါ် လှပစွာဖြတ်လျှောက်နေတဲ့ပုံ အမ်ဗွီ နဲ့ ဓာတ်ပုံ များရိုက်ကူးစဉ် တံတားကြိုးကျပြီး အားလုံးရေထဲပြုတ်ကျသွားတာ ဖြစ်ပါတယ် ။  ကြိုးတံတားအောက်က ရေချောင်းဟာ အနက် ၇ မီတာခန့်သာရှိတဲ့အတွက် အသက် အန္တရာယ် ထိခိုက်မှုမရှိပေမယ့် အလှမယ် ၃ ယောက်ကတော့ ခေါင်းနဲ့ ကိုယ်မှာ ပွန်းပဲ့ရာ တွေရသွားလို့ လူနာ တင်ကားနဲ့ ဆေးရုံပို့လိုက်ရတယ်လို့  အလှမယ်ပြိုင်ပွဲကော်မတီဝင် နိုင်းအဒီးဆွန် ဆွတ်ဒီ က သတင်းထောက်ကို ပြောပါတယ်။  အဆိုပါ ကြိုးတံတားဟာ ဧကပေါင်း ၂၀ ခန့်ကျယ်ဝန်းတဲ့ အပမ်းဖြေဥယျာဉ်ထဲမှာရှိပြီး ပင်လယ်အသေးစားလေးပါရှိကြောင်း ၊ ထိုင်းနိုင်ငံက တစ်ခုတည်းသော တောင်ပေါ်ပင်လယ်ဖြစ်ပြီး ဥယျာဉ်ဝင်ကြေး တစ်ဦး ဘတ် ၃၀ နဲ့ ဒီလ ၆ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။  ဥယျာဉ်ဖွင့်ပြီး ၁ ရက်အတွင်းမှာဘဲ အခုလို မတော်တဆထိခိုက်မှုဖြစ်ရတာဖြစ်ကြောင်း ၊ အဆိုပါ ကြိုးတံတားမှာ တကြိမ်လျှင် လူ ၂၅ ယောက်ခန့်သာ ဖြတ်လျှောက်နိုင်ပေမယ့် အဲဒီနေ့က အလှမယ်ပေါင်း ၃၀ လျှောက်လာလို့ အလေးချိန်မနိုင်တော့ဘဲ ပြုတ်ကျသွားတာလို့ ပင်လယ် ဥယျာဉ်ပိုင်ရှင်က ပြောပါတယ်။  နောက်နောင် ကြိုးတံတားကို ဒီထက်ခိုင်ခန့်အောင်ပြုပြင်တည်ဆောက်သွားမှာဖြစ်ပြီး ဒေသဓလေ့ထုံးစံအရ အထိတ်တလန့်ဖြစ်သွားရတဲ့ အလှမယ်တွေကို လိပ်ပြာခေါ်တဲ့အနေနဲ့ ပိုင်ရှင်ဘက်က ဘတ်ငွေ ၅ သိန်း ပေးလျော်ခဲ့တယ်လို့  ဥယျာဉ်ပိုင်ရှင်ကပြောကြောင်း သတင်းထဲမှာ ဖော်ပြပါတယ်။ 
4 months Ago

August 26, 2019

လေထီးချွတ်ယွင်းပြီး အမြင့်ပေ ထောင်ပေါင်းများစွာမှ ပြုတ်ကျ (ရုပ်သံ)

လေထီးကို မထိန်းချုပ်နိုင်ဘဲ ပေပေါင်းထောင်ချီတဲ့ အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ အမြင့်ခုန်သူတဦးဟာ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ဟာ အင်္ဂလန်တောင်ပိုင်းမှာ သြဂုတ် ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ အမြင့်ခုန်သူဟာ Tigers Army Display အဖွဲ့ဝင်တဦး ဖြစ်ပြီး သူဟာ အရှေ့ဘော်နီအနီးမှာ ပြုလုပ်ခဲ့တဲ့ အုပ်စုလိုက် အမြင့်ခုန် အခမ်းနားတခုမှာ ပါဝင်ရင်း အခုလိုမျိုး မတော်တဆမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လေထီးထိန်းချုပ်လို့ မရခဲ့တာကြောင့် အောက်ကို ပြုတ်ကျလာတဲ့ ဒီအမြင့်ခုန်သမားကို ထိတ်လန့်နေတဲ့ ပရိသတ်တွေကလည်း ရင်တမမနဲ့ ကြည့်ရှုခဲ့ကြပါတယ်။  ဒီအမြင့်ခုန်သမားဟာ သူတို့သတ်မှတ်ထားတဲ့ ဆင်းသက်ဇုန်ရဲ့ အရှေ့ဘက်စွန်းပိုင်းကို ဆင်းသက်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အသေးစားဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့လည်း သူ့အဖွဲ့က ပြောပါတယ်။ Tigers အဖွဲ့ဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ သူတို့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာလည်း ထုတ်ပြန်ချက်တစောင် ရေးသားခဲ့ပြီး စိုးရိမ်ပေးခဲ့တဲ့ လူတွေကို ကျေးဇူးတင်ကြောင်းနဲ့ စီစဉ်ထားတဲ့အတိုင်း နောက်ထပ် အမြင့်ခုန်မှုတွေကို ထပ်မံပြုလုပ်သွားဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေလထီးခြၽတ္ယြင္းၿပီး အျမင့္ေပ ေထာင္ေပါင္းမ်ားစြာမွ ျပဳတ္က် (႐ုပ္သံ) ေလထီးကို မထိန္းခ်ဳပ္ႏိုင္ဘဲ ေပေပါင္းေထာင္ခ်ီတဲ့ အျမင့္ကေန ျပဳတ္က်ခဲ့တဲ့ အျမင့္ခုန္သူတဦးဟာ အသက္ေဘးက သီသီေလး လြတ္ေျမာက္ခဲ့တယ္လို႔ Reuters သတင္းမွာ ေဖာ္ျပပါတယ္။ ဒီျဖစ္စဥ္ဟာ အဂၤလန္ေတာင္ပိုင္းမွာ ၾသဂုတ္ ၁၆ ရက္ေန႔က ျဖစ္ပြားခဲ့တာပါ။ အျမင့္ခုန္သူဟာ Tigers Army Display အဖြဲ႕ဝင္တဦး ျဖစ္ၿပီး သူဟာ အေရွ႕ေဘာ္နီအနီးမွာ ျပဳလုပ္ခဲ့တဲ့ အုပ္စုလိုက္ အျမင့္ခုန္ အခမ္းနားတခုမွာ ပါဝင္ရင္း အခုလိုမ်ိဳး မေတာ္တဆမႈနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ေလထီးထိန္းခ်ဳပ္လို႔ မရခဲ့တာေၾကာင့္ ေအာက္ကို ျပဳတ္က်လာတဲ့ ဒီအျမင့္ခုန္သမားကို ထိတ္လန႔္ေနတဲ့ ပရိသတ္ေတြကလည္း ရင္တမမနဲ႔ ၾကည့္ရႈခဲ့ၾကပါတယ္။ ဒီအျမင့္ခုန္သမားဟာ သူတို႔သတ္မွတ္ထားတဲ့ ဆင္းသက္ဇုန္ရဲ႕ အေရွ႕ဘက္စြန္းပိုင္းကို ဆင္းသက္ခဲ့ၿပီး ကံေကာင္းေထာက္မစြာနဲ႔ အေသးစားဒဏ္ရာေတြသာ ရရွိခဲ့တယ္လို႔လည္း သူ႔အဖြဲ႕က ေျပာပါတယ္။ Tigers အဖြဲ႕ဟာ ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ သူတို႔ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာလည္း ထုတ္ျပန္ခ်က္တေစာင္ ေရးသားခဲ့ၿပီး စိုးရိမ္ေပးခဲ့တဲ့ လူေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ စီစဥ္ထားတဲ့အတိုင္း ေနာက္ထပ္ အျမင့္ခုန္မႈေတြကို ထပ္မံျပဳလုပ္သြားဦးမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
2 years Ago
Up