ပြီးဆုံးပြီ

A d v e r t i s e m e n t With Us

December 28, 2019

ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ပြီးဆုံးပြီလို့ မန်စီးတီး နည်းပြ ပြော

ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဟာ ပြီးဆုံးသွားပြီလို့ မန်ချက်စတာစီးတီးအသင်း နည်းပြ ပက်ဂွါဒီယိုလာက ပြောပါတယ်။  မနေ့က ဝုလ်ဗာဟန်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးတဲ့ ပွဲအပြီးမှာ ပြောဆိုတာပါ။ မန်စီးတီးအသင်းဟာ တယောက်လျော့နဲ့ကစားခဲ့ရပြီး ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်က လီဗာပူးရဲ့နောက် ၁၄ မှတ် အကွာမှာ ရောက်ရှိနေပါတယ်။  မန်စီးတီးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားထားရာမှာ  ၅ ပွဲအထိ ရှုံးထားပါတယ်။ နည်းပြ ဂွါဒီယိုလာကတော့ လီဗာပူးအသင်းအကြောင်း တွေးရမှာ မဟုတ်ဘဲ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာအတွက် ရအောင် လုပ်ဆောင်ရတော့မယ်လို့ ပြောဆိုသွားပါတယ်။
1 year Ago
Up