ပြိုလဲ

A d v e r t i s e m e n t With Us

June 5, 2020

ဖရူဆိုမြို့တွင် မြောင်းတူးဖော်မှုကြောင့် ဓာတ်တိုင်များ ပြိုလဲ

ကယားပြည်နယ်၊ ဖရူဆိုမြို့က ဓာတ်တိုင်စိုက်ထူထားတဲ့နေရာမှာ မြောင်းတူးဖော်မှုတွေ လုပ်ဆောင်ထားပြီးနောက် မိုးသည်ထန်စွာရွာသွန်းခဲ့လို့ ဓာတ်တိုင်တွေ ပြိုလဲကျခဲ့ပါတယ်။ ဖရူဆိုမြို့မှာ ဇွန်လ ၃ ရက် ညနေ ၅ နာရီလောက်က မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ညောင်ဇင်ရပ်ကွက် လမ်းဘေးရှိ ၀.၄ ကေဗွီ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်တွေ ပြိုလဲခဲ့တာပါ။ ဓာတ်တိုင်ပြိုလဲခဲ့တဲ့ ရပ်ကွက်မှာ နေထိုင်သူ ဒေါ်စိုးမာက “မိုးရွာတာက ညနေ ၂ နာရီကျော်ကျော်လောက်ဖြစ်မယ်ထင်တယ်။ မိုးတအားလည်းရွာတယ်။ မိုးရွာပြီး တအောင့်လောက်နေမှ ဓာတ်တိုင်က ဖြည်းဖြည်းချင်း ယိုင်သွားတာ။ အဲမှာ ဒီနား ဆယ်အိမ်မှူးက EPC ကို အကြောင်းကြားတယ်။ ပြီးတော့ သူတို့လာကြည့်တယ်။ တအောင့်ကြာတော့ မီးပိတ်လိုက်တယ်။” လို့ ပြောပါတယ်။ ဓာတ်တိုင်ယိုင်လဲမှုကြောင့် မြို့နယ်လျှပ်စစ်ဌာနက တိုင်အသစ်ပြန် လဲလှယ်ပြီး နေရာပြောင်း စိုက်ထူမှုတွေကို ဇွန် ၃ ရက်နေ့ညကနေ လုပ်ဆောင်ပေးနေပါတယ်။‌ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အဲဒီရပ်ကွက်မှာ ဓာတ်တိုင်တွေနား စည်ပင်သာယာရေးအဖွဲ့က မြောင်းတူးဖော်တာကို လွန်ခဲ့တဲ့ ၂ ပတ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရပ်ကွက်သူရပ်ကွက်သားတွေကလည်း ဓာတ်တိုင်ဘေး ဒီလိုမြောင်းတူးဖော်နေရင် ဓာတ်တိုင်လဲကျနိုင်ကြောင်း သတိပေးတာတွေ ရှိတယ်လို့ ပြောပါတယ်။ “သူတို့ဓာတ်တိုင် စိုက်တာကတော့ အရင် လေးငါးနှစ်ကတည်းကပေါ့နော်။ ပြီးခဲ့တဲ့ တပတ်နှစ်ပတ်က အဲဒီလမ်းဘေးက မြောင်းတွေကို တူးတာပေါ့နော်။ မြောင်းတူးတာက စည်ပင်အလုပ်ပေါ့နော်။ ဓာတ်တိုင်လဲမယ်ဆိုတာ ရပ်ကွက်ကလူတွေက သိတယ်။ ပြောလို့မရဘူး။ သူတို့လုပ်ချင်သလို လုပ်သွားတဲ့အခါကျတော့ မိုးရွာလေတိုက်တော့ လဲမှာပဲဆိုပြီး ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေမတိုက်ပေမယ့် လဲမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိုက်ထားတဲ့တိုင်က‌ မြေကြီးထဲမှာ တထွာလောက်ပဲ ကျန်တာဆိုတော့ လဲမှာပဲ ဆိုတာ ရပ်ကွက်ထဲကလူတွေပြောတာက အရင်တပတ်လောက်ကတည်းက ကြားထားတယ်။ အခုက တကယ်လည်းလဲတာပေါ့နော်။ ကျနော်ပြောချင်တာက ဓာတ်တိုင်စိုက်တဲ့နေရာနဲ့ လုပ်ငန်းတွေ လုပ်တဲ့နေရာမျိုးတွေကတော့ တိုင်ပင်ဆွေးနွေးပြီးမှ ရေရှည် စီမံကိန်းတခု ရေးဆွဲဖို့လိုတာပေါ့နော်။ တခြားရပ်ကွက်တွေမှာလည်း ဒီတိုင်းပဲ လုပ်မယ်ဆိုလို့ရှိရင် အလကား ပြည်သူ့ဘဏ္ဍငွေကုန်တယ်လေ။” ဖရူဆိုမြို့လမ်းမကြီး အောက်ဘက်မှာလည်း ဒီလိုအလားတူ မြောင်းတူးဖော်မှုတွေရှိနေတဲ့တွက် ဓာတ်တိုင်တွေ ထပ်မံပြိုလဲမှာကို ဒေခံတွေ စိုးရိမ်နေကြပါတယ်။ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်တွေ ယိုင်လဲမှုကြောင့် လူနဲ့ တိရစ္ဆာတွေ ထိခိုက်မှုမရှိပေမယ့် အဲဒီနားတဝိုက် မီးပြတ်တောက်နေတယ်လို့ သိရပါတယ်။
9 months Ago

May 28, 2020

ပီရူးနိုင်ငံ၏ ကျန်းမာရေးစနစ် ပြိုလဲနေပြီဟု ဆရာဝန်များ ပြော

ပီရူးနိုင်ငံက ဆေးရုံတွေဟာ ကိုဗစ်-၁၉ လူနာတွေကို နေရာအလုံအလောက်မထားနိုင်လို့ တဲတွေနဲ့ထားနေရပြီး ကျန်းမာရေးစနစ် ပြိုလဲနေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။  အထူးကြပ်မတ်ကုသဆောင်တွေမှာ ခုတင်မရှိတော့လို့ လူနာတွေ နေ့တိုင်း သေဆုံးနေရတယ်လို့ ဒေါက်တာ ကားလို့စ် ကွန်ထရီရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။  ဒီအတောအတွင်း နိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ကျန်းမာရေးလုပ်သားတွေက သူတို့အတွက် ဖက်ဒရယ်အစိုးရကပေးတဲ့ ဆေးစစ်မှုနဲ့ အကာအကွယ်ဝတ်စုံ PPE  တွေ မရလို့ ဆန္ဒပြနေပါတယ်။  ပီရူးနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၃၅၀၀၀ ကျော်နဲ့ သေဆုံးသူက ၃၉၈၃ ဦးရှိတယ်လို့ သိရပါတယ်။
9 months Ago
Up