ပြိုင်ပွဲတွင်

August 18, 2019

စင်စင်နာတီမာစတာ ပြိုင်ပွဲတွင် နစ်ခ်ကိုင်ဂျီရောစ့် ပြဿနာရှာ (ရုပ်သံ)

မော်ဒန်တင်းနစ်လောကမှာ မထင်မှတ်တဲ့ ပုံစံတွေကနေ စွမ်းရည်တွေပြသတတ်သလို ပြဿနာပေါင်းစုံဖန်တီးလေ့ရှိတဲ့ သြစတြေးလျ တင်းနစ်ကစားသမား နစ်ခ်ကိုင်ဂျီရောစ့်ဟာ လက်ရှိကျင်းပနေတဲ့ စင်စင်နာတီမာစတာ ပြိုင်ပွဲမှာ ပြဿနာထပ်ရှာခဲ့ပြန်ပါတယ်။  ရုရှားတင်းနစ်ကသမား ခါချန်နောဗ့်ကို ၆-၇၊ ၇-၆၊ ၆-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပွဲပြီးချိန်မှာ သူ့ရဲ့ တင်းနစ်ရိုက်တံကို ရိုက်ချိုးဖျက်ဆီးခဲ့သလို ဒိုင်ဖြစ်သူကိုလည်း ပြဿနာရှာခဲ့ပါတယ်။ ATP ကနေ ကိုင်ဂျီရောစ့်ကို ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၁၃၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။  သူနဲ့ကစားခဲ့တဲ့ ခါချန်နော့ဗ်ကတော့ ကိုင်ဂျီရောစ့်ဟာ အရည်အသွေးရှိတဲ့ ကစားသမား ဖြစ်ပေမယ့် တခါတရံမှာတော့ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။  ပြီးခဲ့တဲ့ လပိုင်းက ဝင်ဘယ်ဒန်အိုးပင်းမှာ နဒါးလ်နဲ့ ပြဿနာတက်ထားခဲ့တဲ့ ကိုင်ဂျီရောစ့်ဟာ ပြစ်ဒဏ်ပေးမခံခဲ့ရပေမယ့် အခုတခါမှာတော့ ရိုင်စိုင်းတဲ့ အပြုအမူတွေေကြောင့် ဒဏ်ကြေးဆောင်ရတော့မှာ ဖြစ်ပါတယ်။  အသက် ၂၄ နှစ်အရွယ်သာ ရှိသေးပေမယ့် ဖက်ဒရာ၊ နဒါးလ်တို့လို နာမည်ကျော်တွေကိုတောင် လှလှပပကစားပြီး အနိုင်ယူခဲ့ဖူးတဲ့ ကိုင်ဂျီရော်စ့်ကိုတော့ ဗြိတိန်တင်းနစ်အကျော်အမော် မာရေးက ဒီလိုပုံစံနဲ့သာ ဆက်သွားမယ်ဆိုရင် တင်းနစ်လောကအတွက် မကောင်းနိုင်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။
Zawgyi Version စင္စင္နာတီမာစတာ ၿပိဳင္ပြဲတြင္ နစ္ခ္ကိုင္ဂ်ီေရာစ့္ ျပႆနာရွာ (႐ုပ္သံ) DVB ေမာ္ဒန္တင္းနစ္ေလာကမွာ မထင္မွတ္တဲ့ ပုံစံေတြကေန စြမ္းရည္ေတြျပသတတ္သလို ျပႆနာေပါင္းစုံဖန္တီးေလ့ရွိတဲ့ ၾသစေၾတးလ် တင္းနစ္ကစားသမား နစ္ခ္ကိုင္ဂ်ီေရာစ့္ဟာ လက္ရွိက်င္းပေနတဲ့ စင္စင္နာတီမာစတာ ၿပိဳင္ပြဲမွာ ျပႆနာထပ္ရွာခဲ့ျပန္ပါတယ္။ ႐ုရွားတင္းနစ္ကသမား ခါခ်န္ေနာဗ့္ကို ၆-၇၊ ၇-၆၊ ၆-၂ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ပြဲၿပီးခ်ိန္မွာ သူ႔ရဲ႕ တင္းနစ္႐ိုက္တံကို ႐ိုက္ခ်ိဳးဖ်က္ဆီးခဲ့သလို ဒိုင္ျဖစ္သူကိုလည္း ျပႆနာရွာခဲ့ပါတယ္။ ATP ကေန ကိုင္ဂ်ီေရာစ့္ကို ဒဏ္ေၾကးအျဖစ္ အေမရိကန္ေဒၚလာ ၁၁၃၀၀၀ ဒဏ္႐ိုက္ခဲ့ပါတယ္။ သူနဲ႔ကစားခဲ့တဲ့ ခါခ်န္ေနာ့ဗ္ကေတာ့ ကိုင္ဂ်ီေရာစ့္ဟာ အရည္အေသြးရွိတဲ့ ကစားသမား ျဖစ္ေပမယ့္ တခါတရံမွာေတာ့ စဥ္းစားေတြးေခၚႏိုင္စြမ္းမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ လပိုင္းက ဝင္ဘယ္ဒန္အိုးပင္းမွာ နဒါးလ္နဲ႔ ျပႆနာတက္ထားခဲ့တဲ့ ကိုင္ဂ်ီေရာစ့္ဟာ ျပစ္ဒဏ္ေပးမခံခဲ့ရေပမယ့္ အခုတခါမွာေတာ့ ႐ိုင္စိုင္းတဲ့ အျပဳအမူေတြေေၾကာင့္ ဒဏ္ေၾကးေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္သာ ရွိေသးေပမယ့္ ဖက္ဒရာ၊ နဒါးလ္တို႔လို နာမည္ေက်ာ္ေတြကိုေတာင္ လွလွပပကစားၿပီး အႏိုင္ယူခဲ့ဖူးတဲ့ ကိုင္ဂ်ီေရာ္စ့္ကိုေတာ့ ၿဗိတိန္တင္းနစ္အေက်ာ္အေမာ္ မာေရးက ဒီလိုပုံစံနဲ႔သာ ဆက္သြားမယ္ဆိုရင္ တင္းနစ္ေလာကအတြက္ မေကာင္းႏိုင္ဘူးလို႔ ေဝဖန္ခဲ့ပါတယ္။
2 years Ago
Up