ပြိုင်ပွဲ

A d v e r t i s e m e n t With Us

June 11, 2020

မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်နှင့်ချင်းယူနိုက်တက်တို့ ပြိုင်ပွဲမှ နုတ်ထွက်

ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် စီးပွာရေးအကျပ်အတည်းတွေရှိလာလို့ မြန်မာနေရှင်နယ်လိဂ်ကလပ် ၂ သင်းဖြစ်တဲ့ ဇွဲကပင်ယူနိုက်တက်နဲ့ ချင်းယူနိုက်တက်တို့ ပြိုင်ပွဲကနေ နုတ်ထွက်သွားပါတယ်။  ဇွန် ၁၀ ရက်က နိုဗိုတယ်ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ လိဂ်ကော်မတီအစည်းအဝေးမှာ ပြိုင်ပွဲကနေ နုတ်ထွက်ခွင့်ပြုဖို့ အဲဒီ ၂ သင်းက တင်ပြခဲ့တာပါ။  ဇွဲကပင်နဲ့ ချင်းယူနိုက်တက်အသင်းတို့ နုတ်ထွက်ဖို့ တင်ပြလာမှုကို လိဂ်ကော်မတီဘက်က ခွင့်ပြုခဲ့ပြီး အခါအခွင့်သင့်ရင် မြန်မာဘောလုံး တိုးတက်ရေးအတွက် ပြန်လည်ပံ့ပိုးပေးနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို အသင်းအရေအတွက် ၁၂ သင်းနဲ့ ကျင်းပနေတာဖြစ်ပြီး ၂ သင်း နုတ်ထွက်သွားတာကြောင့် လက်ကျန်အသင်း ၁၀ သင်းနဲ့ ဆက်ပြီး ကျင်းပမှာ ဖြစ်ပါတယ်။  အခုနှစ်ပြိုင်ပွဲကို ပွဲစဉ် ၁၀ အထိ ကျင်းပပြီးစီးခဲ့ပြီး ပြီးခဲ့တဲ့မတ်လက ကိုဗစ်နိုင်တင်း ကပ်ရောဂါ အခြေအနေကြောင့် ရပ်နားထားရတာပါ။  လက်ကျန်ပွဲစဉ်တွေကို အသင်း ၁၀ သင်းနဲ့ လာမယ့် ဇူလိုင် ၁၆ ရက်နေ့ ပြန်လည်စတင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 
9 months Ago
Up