ပြိုင်ဆိုင်မှု

January 9, 2021

ပြိုင်ဆိုင်မှုရှိစေရေး ကစားသမားသစ်များ ခေါ်ရန် လိုဟု ကိုးမန်းပြော

လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ လိုအပ်တယ်လို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ပြောလိုက်ပါတယ်။ အသင်းလူစာရင်းတောင့်တင်းဖို့ လိုအပ်သလို နေရာအတွက် ပြိုင်ဆိုင်မှုလည်း ပြင်းထန်စေဖို့ ကစားသမားသစ်တွေ ခေါ်ယူချင်တယ်လို့ ကိုးမန်းက အတိအလင်းပြောခဲ့တာပါ။  ဒါပေမယ့် ဘာစီလိုနာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲက ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမှာ ဖြစ်လို့ လက်ရှိ အချိန်မှာ အမြဲတမ်းဥက္ကဋ္ဌ မရှိတာက ကစားသမားသစ်ခေါ်ယူရေးမှာ အခက်အခဲ ရှိနေတာဖြစ်ပါတယ်။  ဘာစီလိုနာအသင်းဟာ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အန်းဆုဖက်တီက ဒဏ်ရာကြောင့် အနားယူနေရသလို ဂျရတ်ပီကေး၊ ကော်တင်ဟို၊ ဆာဂျီရောဘတ်တို  တို့ဟာလည်း ဒဏ်ရာရနေ ကြတာပါ။  ထိပ်ဆုံးက အက်သလက်တီကို အသင်းနဲ့ အမှတ်ကွာဟနေပေမဲ့ ရာသီကုန်အထိ တိုက်ပွဲ ဝင်စိတ်ဓာတ်နဲ့ကစားပြီး ချန်ပီယံ ဆုရယူနိုင်ဆဲဖြစ်ကြောင်းကို ပြသဖို့ လိုအပ်တယ်လို့လည်း ရော်နယ်ကိုးမန်းက သုံးသပ်ခဲ့ပါတယ်။ 
5 months Ago

September 27, 2020

ပြီးခဲ့သည့်ရာသီထက် ပြိုင်ဆိုင်မှု ပိုပြင်းထန်မည်ဟု ကလော့ပ်သုံးသပ်

အခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဟာ မနှစ်ကထက် ပိုပြီးပြိုင်ဆိုင်မှု ပြင်းထန်လာလိမ့်မယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သုံးသပ်ပါတယ်။  ဒီရာသီဟာ လီဗာပူးနဲ့ မန်စီတီးတို့ပဲ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးအသင်းအတွက် နှစ် ၃၀ ကြာဝေးကွာနေတဲ့  ပရီးမီးယားလိဂ်ဖလားကို ရရှိအောင်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေရာက မန်စီတီးအသင်းကို ၁၈ မှတ်ပြတ်နဲ့ ဗိုလ်ဆွဲခဲ့ပါတယ်။  ပြီးခဲ့တဲ့ရာသီမှာ ကွာဟချက်ကြီးမားခဲ့ပေမယ့် ဒီရာသီမှာတော့ ကျဉ်းမြောင်းတဲ့ကွာဟမှု ကိုသာ မြင်တွေ့ရမယ်လို့ ကလောပ်က ယုံကြည်နေပြီး စပါးနဲ့အာဆင်နယ်အသင်းတို့ကိုလည်း ချန်ပီယံပြိုင်ဘက်အဖြစ်ထည့်သွင်း တွက်ချက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အဆင့် ၈ သာရှိခဲ့ပြီးချန်ပီယံ  အသင်းနဲ့ ၄၃ မှတ်ပြတ်ခဲ့ပါတယ်။  ဒါပေမယ့် ကလော့ပ်က အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပြင်ဆင်  ချိန်နည်းပါးခဲ့လို့ အဆင့် ၈ ရခဲ့တာလို့ ပြောပါတယ်။ အာတီတာကို ဒီဇင်ဘာလမှာသာ ခန့်အပ်ခဲ့တာကိုရည်ညွှန်း  ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။   “သူတို့ဟာလိဂ်မှာ အဌမမြောက်အကောင်းဆုံးအသင်းမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်အသင်းတွေဟာ တော်တော်လေးကောင်းမွန်လာခဲ့ပါတယ်။ ခင်ဗျားအနေနဲ့ ကြိုတင်ခန့်မှန်းမှုတွေကို လုပ်ဆောင်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ လိဂ်ဟာ ခန့်မှန်းချက်တွေအတိုင်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဝုဗ်ဟာ အသင်းကောင်းတစ်သင်း ဖြစ်တာကြောင့် အားလုံး ကမန်စီတီး ရုန်းကန်ရလိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူတို့ ရလဒ်ကောင်းရယူနိုင်ခဲ့ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။  ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် အတော်ကြိုးစားရမယ်လို့ ဆိုပါတယ်။  “ဘယ်အသင်းပေါ်ကိုမှလွှမ်းမိုးမှု ဆိုတာရှိနေမှာမဟုတ်ဘူး။  အသင်းတိုင်းက ပြိုင်ဘက်တိုင်းကို အနိုင်ယူချင်နေကြတာပါ။ အခုလိုမျိုး ပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာ ချဲလ်ဆီး ကလည်း ချန်ပီယံဖြစ်လာဖို့ ကြိုးစားမှာဖြစ်သလို၊ ယူနိုက်တက်၊ အာဆင်နယ်၊ စပါးအသင်းတွေဟာလည်း တူတူပါပဲ။ ဒါဟာ ကျနော်တို့အပါအဝင်အသင်းတိုင်းအတွက် ခက်ခဲတဲ့အနေအထားပါ။ ခင်ဗျားဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ဘာတွေလုပ်နေလဲဆိုတာက ချန်ပီယံဆုကို အဆုံးအဖြတ်ပေးသွားမှာပါ။ အဆုံးမှာ ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် အသင်းအများကြီးကတော့ အနိုင်ရအောင် ကြိုးစားသွားမှာ  သေချာပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။ 
9 months Ago
More News
Up