ပြိုကျဖွယ်ရှိ

July 18, 2020

ဩစတြေးလျကမ်းရိုးတန်း၌ ရေတိုက်စား၍ အိမ်များ ပြိုကျဖွယ်ရှိ

သြစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းမှာ အားပြင်းတဲ့ပင်လယ်လှိုင်းကြီးတွေ ရိုက်ခတ်ပြီး နောက် ဆိုးဆိုးရွားရွား ရေတိုက်စားလို့ ဇူလိုင် ၁၇ ရက်က ကမ်းခြေမျက်နှာမူထားတဲ့ အိမ် အများအပြား ပြိုကျမယ့်အခြေအနေ ရှိနေပါတယ်။   ကမ်းခြေမျက်နှာမူထားတဲ့ နေအိမ်တွေ ပင်လယ်ထဲ ကျနိုင်တယ်လို့ အရေးပေါ် ဝန်ထမ်းတွေ က သတိပေးပြီးနောက်  ဆစ်ဒနီမြို့မြောက်ဘက်မှာရှိတဲ့  ဝမ်ဘယ်ကမ်းရိုးတန်း မြို့လေးက ဒေသခံ တချို့ကို  ဘေးလွတ်ရာပြောင်းပေးခဲ့ပါတယ်။   ဒေသခံတွေဟာ သူတို့နေအိမ်တွေ ကျန်ခဲ့ပါ့မလားဆိုတာကိုတွေးရင်း စိတ်ပူကြောက်ရွံ့နေ တယ်လို့လည်း ဝမ်ဘယ်မြို့ခံတဦးက  ပြောပါတယ်။    ဒီသတင်းပတ်အစောပိုင်းက နယူးဆောက်ဝေးကမ်းရိုးတန်း တလျှောက်မှာ လေဖိအားနည်း ရပ်ဝန်းကြောင့်  မိုးကြီးခဲ့ပြီး ပင်လယ်လှိုင်းကြီးတွေဟာ ကမ်းရိုးတန်းကို ရိုက်ခတ်ကာ ရေတိုက်စား ခဲ့တယ်လို့ ရိုက်တေသတင်းမှာ ဖော်ပြပါတယ်။ 
10 months Ago
Up