ပြိုကျ

September 26, 2021

စပိန်လာပယ်လ်မာကျွန်းရှိ မီးတောင်ထိပ်ဖျား ပြိုကျ

စပိန်နိုင်ငံ လာပယ်မာကျွန်းပေါ်က ကမ်ဘရေဗေးဂျာ မီးတောင်ထိပ်ဖျားဟာ စက်တင်ဘာ ၂၅ ရက်က ပြိုကျခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို စပိန်ဘူမိဗေဒနဲ့ သတ္ထုဌာနက ဒရုမ်းယာဉ်နဲ့ ရုပ်သံ ရိုက်ကူးခဲ့တာပါ။ စက်တင်ဘာ ၁၉ ရက်က စတင်ပေါက်ကွဲခဲ့တဲ့ မီးတောင်ဟာ ခုတော့ ပေါက်ကွဲမှု အဆင့်အသစ်ဆီကို ရောက်နေပါပြီ။

မီးတောင်ဟာ ချော်ရည် တန်ထောင်ချီ မှုတ်ထုတ်ခဲ့ပြီး ရာချီတဲ့ အိမ်တွေကို ဖျက်ဆီးခဲ့  ပြီးပါပြီ။ လူအယောက် ၆၀၀၀ လောက်ကို  ဘေးကင်းရာ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။

လူဦးရေ ၈၃၀၀၀ ကျော်ရှိတဲ့ လာပယ်မာကျွန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာတွင်းက ကာနာရီ ကျွန်းစုတွေထဲမှာ ပါတဲ့ ကျွန်းတကျွန်းပါ။

မီးတောင်ပေါက်လို့ သေဆုံးဒဏ်ရာရသူ ကြေညာထားတာ မရှိသေးပေမဲ့ ကျွန်းရဲ့ စီးပွားရေးအတွက် အဓိကကျတဲ့ ငှက်ပျောစိုက်ခင်း ၁၅ ရာခိုင်နှုန်းကတော့ ဘေးသင့်ခဲ့ပြီး အလုပ်အကိုင် ထောင်ချီ ဆုံးရှုံးနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ 

2 months Ago

August 29, 2021

မြင်းမူ ကမ်းနားလမ်း အရှည် ပေ ၁၀၀ ခန့် ပြိုကျ

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ တောင်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်း ပေ ၁၀၀ လောက် သြဂုတ် ၂၉ ရက် မနက် ၅ နာရီလောက်က ဧရာဝတီမြစ်ကမ်းဘက်ကို ပြိုကျခဲ့တယ်လို့ နယ်မြေခံမီးသတ်စခန်းက သိရပါတယ်။

အဲဒီ မြင်းမူကမ်းနားလမ်းရဲ့ အရှည် ပေ ၁၀၀ ခန့်၊ အကျယ် ၈ ပေခန့် ပြိုကျခဲ့ရာ မြင်းမူမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ မျောတိုင်ရိုက် ဝါးထရံကာ၊ သဲအိတ်ချထားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

ဧရာဝတီမြစ်ရေတိုးလာတာကြောင့် မြစ်ကမ်းဘေး ရပ်ကွက်မှာ နေထိုင်ကြတဲ့ လူနေအိမ်တွေ အတွက် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

3 months Ago
More News
Up