ပွာတိုရီကိုနိုင်ငံ

A d v e r t i s e m e n t With Us

July 18, 2019

ပွာတိုရီကိုနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ အကြမ်းဖက်မှုအသွင်ပြောင်း

ကာရေဘီယံနိုင်ငံတခုဖြစ်တဲ့ ပွာတိုရီကိုမှာ ဇူလိုင် ၁၇ ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကနေ အကြမ်းဖက်မှုအဖြစ် ပြောင်းသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုသလို ဆန္ဒပြသူတွေကလည်း မီးရှို့တာတွေ၊ ခဲနဲ့ပစ်တာတွေ လုပ်ကြပါတယ်။ ပွာတိုရီကိုအုပ်ချုပ်ရေးမှူး ရော့စ်ဆယ်လိုနဲ့ သူ့ရဲ့ အနီးကပ်မဟာမိတ်တွေအကြား အငြင်းပွားဖွယ် ညစ်ညမ်းမက်ဆေ့ခ်ျ ပေးပို့သတင်း ပေါက်ကြားတာနဲ့ အစိုးရ အကျင့်ပျက်မှုအပေါ် ဖက်ဒရယ်စုံစမ်းရေး ပြုလုပ်တာနဲ့ပတ်သက်ပြီး ရော့စ်ဆယ်လိုကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။ အုပ်ချုပ်ရေးမှူး ရော့စ်ဆယ်လိုက သူဟာ ဥပဒေနဲ့မညီတဲ့ ဒါမှမဟုတ် ကျင့်ဝတ်မညီတဲ့ ဘာကိုမှ မကျူးလွန်ခဲ့ဘူးလို့ ဇူလိုင် ၁၆ ရက်မှာ ပြောခဲ့ပါတယ်။ ပွာတိုရီကို အုပ်ချုပ်ရေးမှူး ရီကာဒို ရော့စ်ဆယ်လိုကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ဆန္ဒပြပြီး နောက်တရက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခ ဖြစ်ခဲ့တာပါ။ နိုင်ငံရေးမငြိမ်သက်မှုဟာ အမေရိကန် ဓနသဟာယနိုင်ငံရဲ့ သမိုင်းဝင် ချွတ်ခြုံကျမှုမှာ အရေးကြီးတဲ့ အခြေအနေမှာ ရှိပါတယ်။ ပွာတိုရီကိုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဟာရီကိန်းမုန်တိုင်း ပြန်ထူထောင်ရေးအတွက် အစိုးရတာဝန်ရှိသူတွေက ဗဟိုအစိုးရဆီကနေ ရန်ပုံငွေ ဘီလီယံချီ တောင်းခံဖို့ ကြိုးပမ်းချိန်မှာ ခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up