ပြသမည်

A d v e r t i s e m e n t With Us

November 19, 2020

စူပါဟီးရိုးရုပ်ရှင် Wonder Woman 1984 ကို HBO Max နှင့် ရုပ်ရှင်ရုံများတွင် ပြသမည်(ရုပ်သံ)

ရုံတင်ရက်အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ နာမည်ကြီး စူပါဟီးရိုးရုပ်ရှင် Wonder Woman 1984 ကို အမေရိကန်နိုင်ငံမှာ လာမယ့် ခရစ္စမတ်ကာလက စတင်ပြီးတော့ ဒီဂျစ် တယ်ပလက်ဖောင်း HBO Max နဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသမီး ဂယ်ဂဒေါ့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီ ရုပ်ရှင်ကားကိုတော့ Warner Bros. Pictures က ဖြန့်ချိမှာဖြစ်ပြီး အမေရိကန်အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ Patty Jenkins က ရိုက်ကူးပုံဖော်ပေးထားတာပါ။ အမျိုးသမီးစူပါဟီးရိုးဇာတ်ကောင် Wonder Woman ဟာ DC Comics ဇာတ် ကောင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman Vs. Superman: Dawn of Justice ရုပ်ရှင်မှာ ပွဲဦးထွက် စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ Wonder Woman အမည်နဲ့ ရုပ်ရှင်ထွက်ရှိလာခဲ့ပြီး တနှစ်တည်းမှာပဲ ထွက်ရှိခဲ့တဲ့ Justice League မှာလည်း Batman၊ Superman၊  Aquaman၊ Falsh၊ Cyborg တို့လို DC နာမည်ကြီးဇာတ်ကောင်တွေနဲ့ Wonder Woman က တစုတစည်းတည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ခုကားကတော့ ၂၀၁၇ ရုပ်ရှင် Wonder Woman ရဲ့ နောက်ဆက်တွဲ Sequel ရုပ်ရှင်အနေနဲ့ အချိန် ၃ နှစ်အကြာမှာ ထွက်ရှိလာပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မင်းသမီး ဂယ်ဂဒေါ့နဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Chris Pine ၊ Kristen Wiig ၊ Pedro Pascal ၊ Robin Wright နဲ့ Connie Nielsen စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြတာပါ။ Wonder Woman 1984 ရုပ်ရှင်ကားထဲမှာ Diana Prince တဖြစ်လည်း Wonder Woman က ၁၉၈၀ ပြည့်လွန် စစ်အေးခေတ်ကာလအတွင်း ဆိုဗီယက်ယူနီယံနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေထဲ ပါဝင်ဖြစ်ခဲ့တာတွေကို ဘယ်လို အမိုက်စား၊ အလန်းစား ဇာတ်လမ်း ဇာတ်ကွက်တွေ၊ အထူးပြုချက်တွေနဲ့ ရိုက်ကူးထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ စောင့်မျှော် ကြည့်ရှုကြရမှာပါ။ ဘတ်ဂျက် အမေရိကန်ဒေါ်လာသန်း ၂၀၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို အစပိုင်းတုန်းက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ ပြသသွားဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကမ္ဘာတလွှား ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ရတာမို့  နှစ်လယ်ပိုင်းလောက်မှာ ပြသမယ့်အစီအစဉ်ကို ထပ် မံရွှေ့ဆိုင်းခဲ့ရပြီး လာမယ့် ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်နေ့မှာ ရုံတင်ပြသသွားဖို့ ကြေ ညာထားပါတယ်။ အဲဒီနေ့မှာပဲ တပြိုင်နက်တည်း အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ရုံတွေနဲ့အတူ HBO Max မှာလည်း ကြည့်ရှုနိုင်မှာဖြစ်ကာ HBO Max မရရှိနိုင်တဲ့ နိုင်ငံတွေမှာတော့ အချိန်သီ တင်းပတ်တပတ်စောပြီး ဒီဇင်ဘာ ၁၆ ရက်မှာ ရုံတင်ပြသသွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရုပ်ရှင်ရုံတွေကို သွားရောက်မကြည့်ရှုနိုင်တဲ့ ပရိသတ် တွေအနေနဲ့ HBo Max မှာ Subscribe လုပ်ထားတဲ့ အမေရိကန်နိုင်ငံက အသုံးပြုသူတွေအတွက် အခကြေးငွေ ထပ်မံပေးဆောင်ဖို့မလိုဘဲ ၁ လ ကြည့်ရှုခွင့် ပေးထားမယ်လို့လည်း သိရပါတယ်။
2 months Ago

August 14, 2020

ဝေလမင်းသမီးဒိုင်ယာနာအကြောင်း  Diana: A New Musical ကို နက်ဖလစ်စ်တွင်  ပြသမည်

ဝေလမင်းသမီးဒိုင်ယာနာအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့  Diana: A New Musical ကို မိတ်ဆက်ပြသမှု မပြုနိုင်သေးခင် နက်ဖလစ်စ်ကနေ ဦးဦးဖျားဖျား ပြသသွားမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကို အစပိုင်းတုန်းကတော့ မတ်လ ၂ ရက်နေ့မှာ ဘရော့ဒ်ဝေးမှာ ပြသသွားဖို့ စီစဉ်ထားခဲ့ပေမယ့် လတ်တလောအချိန်ထိ ပိတ်ထားရဆဲဖြစ်တာမို့ ခုလိုအွန်လိုင်းပေါ်ကတဆင့် ပြသဖို့ ဖြစ်လာခဲ့တာပါ။ ဒါဟာ လတ်တလောကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကမ္ဘာတလွှား ရုံတင်ရက်ရွှေ့ဆိုင်းရတာတွေ၊ ရုပ်ရှင်ရုံတွေ ပိတ်ထားရတာတွေနဲ့ ရင်ဆိုင် နေရတဲ့ ရုပ်ရှင်ဖျော်ဖြေရေးနယ်ပယ်မှာတော့ မပြသခင် အွန်လိုင်းမီဒီယာမှာ ပြသမှုအနေ နဲ့ သမိုင်းမှတ်တမ်းတခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ဘဝအကြောင်း ဖန်တီးပုံဖော်ထားတဲ့ Diana: A New Musical ကို ဒါရိုက်တာ Christopher Ashley က ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး American Idiot ၊ Wicked ၊ Kinky Boots  စတဲ့ ဘရော့ဒ်ဝေးလ်မြူဇစ်ကယ်လ်တွေနဲ့ နာမည်ကြီး တဲ့ ရုပ်သံသရုပ်ဆောင်မင်းသမီး Jeanna de Waal က ဒိုင်ယာနာအဖြစ် ပါဝင်ထားခဲ့ တာပါ။ လတ်တလောမှာတော့ Diana: A New Musical ကို နက်ဖလစ်စ်က ထုတ်လွှင့်ပြ သမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
6 months Ago
Up