ပြန်/ဆက်ဝန်ထမ်း

March 8, 2021

ပြန်/ဆက် ဝန်ထမ်း ၁၅၀ ကျော် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာ

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့လို့  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တိုင်း/ခရိုင် မြို့နယ်ရုံးအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၁၅၇ ဦးတို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)  မှာ ဒီနေ့ ပူးပေါင်းပါဝင်လာပါတယ်။

ပြန်/ဆက်ဝန်ထမ်းအားလုံးက  CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာက အလုပ်မှ နုတ်ထွက်တာ၊ ခွင့်မဲ့ပျက်ကွက်တာ၊ ခွင့်ခံစားတာမျိုး မဟုတ်ဘဲ ပြည်သူ့ဝန်ထမ်း ဖြစ်တာနဲ့အညီ ပြည်သူကို လေးစားကာ ရုံးတက်ခြင်း မပြုလုပ်ဘဲ ဆန္ဒထုတ်ဖော်နေတာပါ။

“ကိုယ့်ဘဝအတွက် လိပ်ပြာလုံချင်တယ်၊ မတရားမှုကို သိလျက်နဲ့ ငြိမ်မနေနိုင်ဘူး။ အာဏာပါဝါပြပြီး ပြောဆိုတဲ့ လူ့ပတ်ဝန်းကျင်မှာ မရပ်တည်ချင်ဘူး၊ ရာထူးရှိမှ နေရာပေးတတ်တဲ့ အယောင်ဆောင်ခေတ် ပြန်မရောက်ချင်ဘူး၊ စစ်မှန်တဲ့ ဒီမိုကရေစီ  လိုချင်တယ်။ ဒါကြောင့် CDM  မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့  CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ပြန်/ဆက် ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မိမိတို့အနေနဲ့ အလုပ်ထွက်တာ မဟုတ်ကြောင်း၊ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရလက်အောက်မှာသာ  နိုင်ငံတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုတယ်လို့ ပြောဆိုထားပါတယ်။

2 years Ago
Up