ပြန်လွတ်လာ

June 26, 2020

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသား ပြန်လွတ်လာ

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲထောင်ချခံထားရတဲ့  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇော်လင်းထွဋ် (ခ) ဖိုးသားဟာ ဒီကနေ့  ဇွန် ၂၆ ရက် မနက်က အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့ကာ ပြန်လည် လွတ်မြောက်လာပါတယ်။ ကိုဇော်လင်းထွဋ် (ခ) ဖိုးသားဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့  ဗိုလ်တထောင်မြို့နယ်  တရာရုံးမှာ ထောင်ဒဏ် (၁) နှစ်နဲ့ မရန်းကုန်းမြို့နယ် တရားရုံးမှာ  ထောင်ဒဏ် (၁) နှစ် စုစုပေါင်းထောင်ဒဏ် (၂) နှစ်အမိန်ချခံခဲ့ရတာဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ သင်္ကြန်မှာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်း သံချပ်ထိုးဖျော်ဖြေရာမှာ တပ်မတော် ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ သံချပ်စာသားတွေပါဝင်လို့ဆိုပြီး  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ(၅၀၅/က)နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၆/ဃ) တို့နဲ့ မြို့နယ် ၆ မြို့နယ်မှာ  တပ်မတော်က တရားလိုပြုတရားစွဲဆိုခဲ့ပြီး အချိန် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ ရပါတယ်။ Photo - Ko Ye / MPA 
10 months Ago
Up