ပြန်လုပ်

July 17, 2020

ကိုလံဘီယာတွင် ကွာရင်တင်း တင်းကျပ်စွာ ပြန်လုပ်ရန် ဆရာဝန်များ တောင်းဆို

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာမှာ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေ ပြိုလဲလုနီးပါး ဖြစ်နေလို့  တမြို့လုံးအနှံ့ တင်းတင်းကျပ်ကျပ် ကွာရင်တင်းပြန်လုပ်ဖို့ ဆရာဝန်တွေက တောင်းဆို နေပါတယ်။  ဇူလိုင် ၁၆ ရက်ရိုက်တာသတင်းအရ ကိုလံဘီယာမှာ အတည်ပြုလူနာ ၁၆၅၀၀၀  ကျော်နေပြီဖြစ်သလို သေဆုံးသူကလည်း ၆၀၀၀ ဝန်းကျင် ရှိနေပါပြီ။  ဒီထဲမှာ မြို့တော်ဘိုဂိုတာက လူနာက သုံးပုံတပုံကျော်ပါရှိသလို သေဆုံးသူကလည်း အားလုံးစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းရှိနေတာပါ။  ကိုလံဘီယာမှာ သမ္မတ အီဗန်ဒူကေးက မတ်လနှောင်းပိုင်းမှာကထဲက လော့ဒေါင်းချဖို့ ကြေညာခဲ့တာပါ။  ဘိုဂိုတာမြို့တော်ရဲ့ ဆေးရုံတွေက အထူးကြပ်မတ်ကုသဆောင်တွေမှာလည်း ဇူလိုင်လ ၁၅ ရက်ညနေမှာပဲ  လူနာဦးရေ ၉၀  ရာခိုင်နှုန်းအထိ ရှိနေပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
10 months Ago
Up