မိခင်နိုင်ငံဆီ အလုံးအရင်းနဲ့ ပြန်ဝင်လာမယ့် ဆီးရီးယားဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေ ဖန်တီးပေးဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆီးရီးယားသမ္မတ အာဆက်ကို နိုဝင်ဘာ ၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယား ဒုက္ခသည်ပဋိပက္ခ ဖြေရှင်းရေး ရည်ရွယ်တဲ့ နှစ်ရက်ကြာ နိုင်ငံတကာ ကွန်ဖရင့် အကြို နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဗွီဒီယိုကောလ်နဲ့ ပြောဆိုခဲ့တာပါ။
သမ္မတ အာဆတ်ကတော့ စစ်နှောင်းပိုင်း ဆီးရီးယားအခြေအနေဟာ ဒုက္ခသည်တွေ ပြန်လက်ခံလောက်အောင် မကောင်းသေးဘူးလို့ သမ္မတ ပူတင်ကို ပြောဆိုပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသင့်တယ်လို့ အာဆတ်က ပြောပါတယ်။
ဆီးရီးယားပြည်တွင်းစစ်အတွင်း ရုရှားကြားဝင်မှုကြောင့် သမ္မတ အာဆက်ဟာ အသာစီး ရရှိခဲ့ပါတယ်။
လက်ရှိ ဆီးရီးယားနိုင်ငံမှာ ရုရှားစစ်အခြေစိုက်စခန်း အများအပြားရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago