ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေအပါအဝင် အင်္ဂလန်မှာရှိတဲ့အားကစားပွဲအားလုံးနီးပါးကို ကွင်းပိတ်ကျင်းပဖို့ ပြန်လည် သတ်မှတ်လိုက်ပါတယ်။
အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မူ အနည်းအများအလိုက် ပွဲစဉ်တစ်ပွဲမှာ ပရိသတ် ၂၀၀၀ ဝင်ရောက်ကြည့်ခွင့်ပြုခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ကလပ်အသင်းတွေထဲမှာလည်း ပိုးတွေ့ရှိမှုတွေများလာကြောင့် အခုလအတွင်း ၃ ပွဲအထိ ပွဲရွှေ့ဆိုင်းခဲ့ရတာပါ။
ပျံ့နှံ့မှု နည်းပါးတဲ့ မာဆေးဆိုဒ်ဒေသအခြေစိုက် လီဗာပူးနဲ့ အဲဗာတန် အသင်းတွေက လွဲပြီး တခြားအသင်းတွေက ကွင်းပိတ်ကျင်းပပေးရမှာဖြစ်ပါတယ်။
အင်္ဂလန်မှာ အောက်တိုဘာ ၂ ရက်လောက်ကစပြီး စပြီးနေ့စဉ် လူသောင်းချီပြီး ကိုဗစ်-၁၉ ကူးစက်ခံနေရတာပါ။
ဒီဇင်ဘာ ၂၉ ရက် တစ်ရက်တည်းမှာ လူအယောက် ၅၃၀၀၀ ကျော် ပိုးတွေ့ရှိခဲ့ပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ပြန်လည်လုပ်ဆောင် ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
2 months Ago