ပြန်လည်ဖွင့်

March 5, 2020

ကတ်ရှ်မီးယားတွင် အင်တာနက်လိုင်း ပြန်ဖွင့်

အိန္ဒိယအစိုးရဟာ ကတ်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့ဩဂုတ်လကစလို့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရုပ်သိမ်းပြီး  ဒေသကို ပိတ်ထားကာ အင်တာနက်အသုံးပြုခွင့်ဖြတ်တောက်ထားတာ ပြန်လည်ဖွင့်ပေးလိုက်ပါတယ်။ အိန္ဒိယရဲ့ မွတ်ဆလင်အများစုရဲ့နေထိုင်ရာတခုတည်းသော ဒေသဖြစ်တဲ့ ကတ်ရှ်မီးယားမှာ အင်တာနက်အသုံးပြုခွင့်ပြန်ပေးလိုက်တာနဲ့အတူ လူမှုမီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ Facebook, WhatsAp နဲ့ Instagram တို့ကိုလည်း မိုဘိုင်းဖုန်းတွေပေါ်မှာ ပြန်သုံးနေကြတယ်လို့ သိရပါတယ်။  ဒါပေမဲ့ မိုဘိုင်းအင်တာနက်မြန်နှုန်းကန့်သတ်ချက်ကိုတော့ မတ်လလယ်ပိုင်းအထိ ထားရှိဦးမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကတ်ရှ်မီးယားမှာ မငြိမ်သက်မှုတွေကြောင့် အိန္ဒိယအစိုးရက အင်တာနက်ဖြတ်တောက်မှုကို လအတော်ကြာ လုပ်ထားခဲ့ပေမဲ့ အဲဒီကာလတွေမှာ ဒေသခံတွေကတော့ တကိုယ်ရည်ကွန်ရက် virtual private network (VPN) တွေကို အသုံးပြုပြီး အကန့်အသတ်တွေကို ကျော်လွှားခဲ့ရတာပါ။
1 year Ago
Up