ပြန်လည်ပြေ

May 17, 2020

ပါကစ္စတန် ပြည်တွင်းလေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲ

ပါကစ္စတန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တချို့ကို စတင် ဖြေလျှော့ပေးနေပြီး မေလ ၁၆ ရက်က ပြည်တွင်း လေကြောင်းလိုင်းတချို့ကို စတင်ပြေးဆွဲ လိုက်ပါတယ်။ ကရာချီမြို့က ဂျန်နာနိုင်ငံတကာ လေဆိပ်၊ လာဟိုး၊ အစ္စလာမ်မာဘတ်၊ ကတ်တာ၊ ပဲ့ရှ်ဝါမြို့က ဘာချာခန်း နိုင်ငံတကာ လေဆိပ်တို့ ပါတဲ့ အဓိက လေဆိပ်ငါးခုကနေ လေကြောင်းခရီးစဉ်တွေ ပြန်စမယ်လို့ ပါက္စတန် အရပ်ဘက် လေကြောင်း အာဏာပိုင် အဖွဲ့က ပြောပါတယ်။ ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်းရဲ့ ပထမဆုံး ခရီးစဉ်ဟာ ခရီးသည် ၈၄ ယောက်ကို သယ်ပြီး ကရာချီကနေ လာဟိုးမြို့ဆီကို ပျံသန်းသွားပါတယ်။ ပုဂ္ဂလိက လေကြောင်းလိုင်းက လာဟိုးနဲ့ အစ္စလမ်မာဘတ် မြို့တွေဆီကို သွားမယ့် လေကြောင်းလိုင်းတွေလည်း ပြန်စပြီလို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ လေဆိပ်ဆိုက်ရောက်ချိန်မှာ ခရီးသည်နဲ့ ဝန်ထမ်းတွေကို ပိုးသတ်ဆေးဖျန်းပြီး လူချင်း ခွာနေရမယ့် လုပ်ဆောင်ချက်ကိုလည်း လေဆိပ်ထဲမှာရော လေယာဉ်ပေါ်မှာပါ ကျင့်သုံးခိုင်း ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်နေပေမယ့် စီးပွားရေး ပြိုလဲနေတာကို ပြန်အဖတ်ဆယ်ဖို့ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်ကို အရင်သီတင်းပတ်က စပြီး ပယ်ဖျက်ပေးခဲ့ပါတယ်။  မတ်လကတော့ ကုန်းတွင်းနယ်စပ် အားလုံးကို ပိတ်ထားခဲ့ပြီး လူတွေအများကြီး စုတာမျိုး မဖြစ်အောင် လေကြောင်းခရီးစဉ်တွေကို ကန့်သတ်ထားခဲ့တာပါ။  ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာဦးရေဟာ မေလ ၁၇ ရက်ထိ  ၃၈၇၉၉ ယောက်နဲ့ သေဆုံးသူ ၈၃၄ ယောက်ရှိပြီလို့ သိရပါတယ်။
11 months Ago
Up