ပြန်လည်စတင်ကျင်းပ

June 3, 2020

ချက်နိုင်ငံတွင်  ပြေးခုန်ပစ်ပြိုင်ပွဲများ  ပြန်လည်စတင်ကျင်းပ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အားကစားပြိုင်ပွဲတွေ ရပ်နားခဲ့ရတဲ့ ချက်နိုင်ငံမှာတော့ ပြေးခုန်ပစ်ပြိုင်ပွဲအမျိုးအစားတွေကို ပြန်လည် စတင် ကျင်းပနေပြီဖြစ်ပါတယ်။ ချက်နိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကတည်းက ဘောလုံးပွဲစဉ်တွေ စတင်ခဲ့ပြီး တင်းနစ်ပွဲတွေကိုလည်း ပြီးခဲ့တဲ့တစ်ပတ်ကပြန်လည် ကျင်းပခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ ပြေးခုန်ပစ်ပြိုင်ပွဲအမျိုးအစားထဲက အားကစားနည်းတွေဖြစ်တဲ့ လှံတံပစ်၊ သံလုံးပစ်နဲ့ အပြေးပြိုင်ပွဲ ပြန်လည်ကျင်းပခဲ့ပါတယ်။ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲမှာတော့ အိုလံပစ်ပြိုင်ပွဲ ချန်ပီယံ ၂ ကြိမ်ရရှိဖူးတဲ့ ဗာဘိုရာ စပေါ့တာကိုဗာကပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်လို့ ထူးထူးခြားခြားခံစားမှုမရှိဘဲ အကောင်းဆုံး စွမ်းဆောင်ရည်ရခဲ့လို့ ပျော်ရွှင်မိတယ်လို့ စပေါ့တာကိုဗာက ပြောပါတယ်။ ချက်နိုင်ငံမှာ အမျိုးသားနဲ့ အမျိုးသမီး အပြေးပြိုင်ပွဲတွေလည်း ပြန်လည်ကျင်းပခဲ့ပါတယ်။
1 year Ago
Up