ပြန်လည်စတင်

A d v e r t i s e m e n t With Us

November 26, 2020

နယူးဇီလန်တွင်  လွှတ်တော်သက်တမ်းသစ် ပြန်လည်စတင်

နယူးဇီလန်ရဲ့  ၅၃ ကြိမ်မြောက် ပါလီမန်သက်တမ်းကို နိုဝင်ဘာ ၂၆ ရက်က တရားဝင် ပြန်လည်စတင်လိုက်သလို နိုင်ငံရဲ့ အထွေပြားဆုံးအစိုးရ တာဝန်ကိုလည်း စတင်လိုက်ပါတယ်။  နိုဝင်ဘာ ၂၅ ရက်မှာ ပါလီမန်အမတ်တွေက  တရားဝင်ကျမ်းသစ္စာဆိုခဲ့ပေမဲ့ ဒီနေ့ကတော့ ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်  ဒုတိယသက်တမ်း စတင်ထမ်းဆောင်တဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။   ပါလီမန်အမတ်နေရာ ၁၂၀ ရှိတဲ့အနက် အာဒန်ရဲ့လေဘာပါတီက ၆၅ နေရာ ရထားပြီး အတိုက်အခံ နေရှင်နယ်ပါတီကတော့ ၃၃ နေရာ ရထားပါတယ်။  နယူးဇီလန်လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း ခန့်ရှိပြီး ဌာနေတိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ မော်ရီပါတီကတော့ အမတ် ၂ နေရာ ရထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
3 months Ago

August 23, 2020

၅ လကြာ ရပ်နားခဲ့သည့် မြန်မာဘောလုံးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်

ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကနေ ၅ လကြာ ရပ်နားထားတဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဩဂုတ်၂၂ရက်က ပြန်လည်ကျင်းပခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ရပ်နားထားတဲ့ အားကစားပွဲတွေထဲမှာ ဘောလုံးလိဂ်က ပထမဆုံးပြန်လည်ယှဉ်ပြိုင်ခဲ့တဲ့ အားကစားပြိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ မြန်မာလိဂ်ပွဲစဉ်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းတွေနဲ့အတူ ပရိသတ်မပါစေဘဲ ကွင်းပိတ်ကစားခဲ့တာဖြစ်ပါတယ်။ မြန်မာလိဂ်ကလပ် ၁၀ သင်းနဲ့ ဒိုင်လူကြီးတွေအပါအဝင် စုစုပေါင်း လူ ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ တပတ်ကတည်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ပြီး ပိုးမတွေ့ရှိခဲ့တာကြောင့် ပြန်လည်စတင်ခဲ့တာပါ။ ဩဂုတ် ၂၂ ရက် စနေနေ့မှာ ၂ ပွဲ ကစားခဲ့ပြီး ရန်ကုန်ယူနိုက်အသင်းက အိမ်ကွင်းမှာ မကွေး အသင်းကို ၆ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။ သုဝဏ္ဏကွင်းမှာ တချိန်တည်းယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်က ဆောက်သမ်းမြန်မာ အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။ ဩဂုတ် ၂၃ ရက် တနင်္ဂတွေနေ့မှာ ၂ ပွဲ ဆက်လက်ကျင်းပမှာဖြစ်ပြီး သုဝဏ္ဏကွင်းမှာ ရတနာပုံနဲ့ အားကာသိပ္ပံအသင်း၊ ရန်ကုန်ယူနိုက်တက်ကွင်းမှာ ဧရာဝတီ နဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ 
6 months Ago
More News
Up