ပြန်လည်ကျင်းပ

April 24, 2020

ဟောင်ကောင်အထက်တန်းစာမေးပွဲ ပြန်စ

ဟောင်ကောင်မှာ အထက်တန်းကျောင်းစာမေးပွဲတွေကို တလလောက်ရပ်ဆိုင်းထားရာက ဒီကနေ့  ပြန်လည်ကျင်းပနေပါတယ်။ အထက်တန်းအဆင့်ရဲ့ နောက်ဆုံးစာမေးပွဲတွေဖြစ်တဲ့ ဒီစာမေးပွဲတွေကို ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်  တလလောက်ရပ်ဆိုင်းထားပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အတည်ပြုလူနာ အသစ်တွေ့ရှိမှု လျော့ကျလာတာမို့  ပြန်ကျင်းပတယ်လို့ ဆိုပါတယ်။ စာမေးပွဲလာဖြေတဲ့ ကျောင်းသားတွေဟာ မျက်နှာဖုံးတွေ မဖြစ်မနေတပ်ထားရပြီး  စာမေးပွဲ ခန်းကို စောစောလာရမှာဖြစ်ကာ သူတို့ကို အပူချိန်တိုင်းပါတယ်။  ဖြေဆိုရင်လည်း အခန်းထဲမှာ တခုံနဲ့ တခုံ နှစ်မီတာ ( ၆ပေ) ခွာပြီး ဖြေဆိုရမှာပါ။  ဒါ့အပြင်ကျောင်းသားတွေဟာ စာမေးပွဲဖြေဆိုဖို့ ကျန်းမာရေး ကြေညာလွှာရထားဖို့လည်း လိုပါတယ်။  ဒီနေ့ကျင်းပတဲ့ အထက်တန်းစာမေးပွဲမှာ ကျောင်းသား ၃၀၀၀ ကျော်ဖြေမှာဖြစ်ပြီး  ကျန်တဲ့ကျောင်းသား ၅၂၀၀၀ ကို ရှေ့လမှာ ကျင်းပမယ့် စာမေးပွဲမှာ စစ်ဆေးမယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။  
2 years Ago

December 30, 2019

၁၅ နှစ်ကျော်ကြာ ရပ်နားခဲ့သည့် မာရသွန်အပြေးပြိုင်ပွဲ ဝက်လက်တွင် ပြန်လည်ကျင်းပ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ၁၅ နှစ်ကျော်ကြာ ရပ်နားထားတဲ့ မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ရေထွက်ကျေးရွာ တိုးဂိတ်မှ ဝက်လက်မြို့ နာရီစင်နားအထိ ၁၀ မိုင်ကျော်ခရီးကို ပြိုင်ပွဲဝင် ၂၅ ယောက်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယခင်က ပြိုင်ပွဲဝင် ကစားသမား ၇၀ ကျော် ၁၀၀ လောက်အထိ ရှိခဲ့ပေမယ့် အခုအခါမှာ ၂၅ ယောက်သာ လာရောက်ယှဉ်ပြိုင်တယ်လို့ သိရပါတယ်။ “၁၅ နှစ်ကျော် ရပ်နားထားခဲ့တာဆိုတော့ အခုပြန်ကျင်းပချိန်မှာ ကစားသမားတွေကလည်း အဆင်သင့်မဖြစ်ကြတော့ ယှဉ်ပြိုင်သူ နည်းရတာ” လို့ မြို့နယ် အား/ကာမှူး ဦးနေစိုးသူရိန်က ပြောပါတယ်။ မာရသွန်ပြိုင်ပွဲမှာ အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ ကလေးတယောက် ပန်းဝင်ခဲ့ပြီး ပထမဆု တစ်သိန်းငါးသောင်း၊ ဒုတိယဆု တစ်သိန်း၊ တတိယဆု ငါးသောင်း၊ နှစ်သိမ့်ဆု တစ်သောင်းငါးထောင် အသီးသီးဆုချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၉ ဒီဇင်ဘာအားကစားလမှာ လူထုလမ်းလျှောက်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေကို တနိုင်ငံလုံးမှာ ကျင်းပနေပါတယ်။ အောင်စံလင်း
2 years Ago
Up