ပြန်ရောင်းချခွင့်ပြု

July 7, 2020

ဧရာဝတီတိုင်းအတွင်း ပျံကျစျေး ၅၅ စျေးကို မူလနေရာတွင် ပြန်ရောင်းချခွင့်ပြု

ကိုဗစ်ကာလ ဧရာဝတီတိုင်းအတွင်း ပြောင်းရွှေ့ခိုင်းခဲ့တဲ့  ပျံကျစျေး ၅၅ စျေးကို မူလနေရာမှာ ပြန်လည်ရောင်းချခွင့်ပြုလိုက်ပြီလို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ “မိုးနဲ့ လေနဲ့ လာတဲ့အခါကျတော့ ပျံကျစျေးသည်တွေဟာ ရွှေ့ပြောင်းရောင်းချနေတဲ့ ကွင်းထဲ မှာ သူတို့ အများကြီးဒုက္ခရောက်ကျတယ်။ တချို့နေရာတွေ ပျံကျစျေးသည်တွေ ရောင်းလေ့ ရောင်းထ မရှိတဲ့ကွင်းတွေထဲ သွားရောင်းတဲ့အခါကျတော့ စျေးဝယ်သူတွေက အလှမ်းကွာလို့ လိုက်လာပြီး မဝယ်တဲ့အတွက် ပျံကျစျေးသည်ရောင်းချလို့မကောင်းတဲ့ ဒုက္ခတွေနဲ့အများကြီး ကြုံရပါတယ်။” မိုးရွာသွန်းတဲ့အတွက် ပျံကျစျေးသည်တွေက မူလရောင်းချတဲ့စျေးတွေထဲမှာ ပြန်ရွှေ့ပေးဖို့ တောင်းဆိုတာကြောင့် ရောဂါပိုးကူးစက်မှုမရှိအောင် အစီအမံ ဆောင်ရွက်လို့ရရင် ပြန်လည်ပြောင်းရွှေ့ခွင့်ပြုမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးရှိ ၂၆ မြို့နယ်နဲ့ ၇ မြို့မှာ ရွှေပြောင်းထားတဲ့စျေး ၇၇ စျေးရှိပြီး ၅၅ စျေးက မူလရောင်းချနေတဲ့စျေးတွေထဲမှာ ပြန်လည်ရောင်းချခွင့်ပြုဖို့ တင်ပြခဲ့တာကြောင့် ဆိုင်တွေ ခင်းမယ့်အခြေအနေ ပြန်လည်တင်ပြခိုင်းပြီး ဖွင့်ခွင့်လှစ်ခွင့်ပြုခဲ့တာလို့ သိရပါတယ်။ တိုင်းအတွင်းရှိ ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ ၇၇ စျေးမှ ၂၂ စျေးဟာ ပြောင်းရွှေထားတဲ့ ကွင်းတွေထဲမှာ ဆက်လက်ရောင်းချနေပြီး မူလစျေးတွေမှာ ပြန်လည်ရောင်းချခွင့်ပြုဖို့ တင်ပြလာပါက စိစစ်ပြီး ခွင့်ပြုပေးသွားမယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောပါတယ်။ သတင်း - စည်သူမောင်မောင်
1 year Ago
Up