ဂါရတ်ဘေးလ်က အရင်လို ခြေစွမ်းမရသေးပေမယ့် တိုးတက်မှုတွေရှိလာတယ်လို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။
ဂါရတ်ဘေးလ်ဟာ ဘယ်လ်ဂျီယံကလပ် ရွိုင်ရယ်အန်တွက်ပ်နဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။ အဲဒီပွဲမှာ ရွိုင်ရယ်အန်တွက်ပ်က အိမ်ကွင်းမှာ ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဂါရတ်ဘေးလ်က ၂၀၁၃ ခုနှစ်တုန်းကလို ခြေစွမ်းမျိုး မရှိတော့ဘူးဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မော်ရင်ဟို ပြန်လည်ဖြေကြားရာမှာတော့ မက်ဆီနဲ့ ရော်နယ်ဒို တို့လို ကစားသမားတွေတောင် ၇ နှစ် အတွင်းမှာ ပြောင်းလဲမှုတွေရှိတယ်လို့ ပြောပါတယ်။
၇ နှစ်ဆိုတဲ့အချိန်က ရှည်လျားတဲ့ကာလဖြစ်ပြီး ဂါရတ်ဘေးလ်အနေနဲ့လည်း အဲဒီလိုအချိန်ကလည်း ခြေစွမ်းမရရှိသေးတာ မှန်ကန်ကြောင်း၊ ဘေးလ်ရဲ့ ခြေစွမ်း တိုးတက်လာနေပြီး မကြာခင်မှာ ခြေစွမ်းပြန်လည်ပြသနိုင်လိမ့်မယ်လို့ မော်ရင်ဟိုက မှတ်ချက်ပေး ခဲ့ပါတယ်။
စပါးအသင်းပရိသတ်တွေကတော့ ဂါရတ်ဘေးလ်ကို ရီးရဲလ်မက်ဒရစ်ကနေ အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူပြီးနောက် ၂၀၁၃ ခုနှစ်ကလို အကောင်းဆုံးခြေစွမ်း မြင်တွေ့ရဖို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။
2 years Ago