ပြန်ရင်ဆိုင်ရမည့်

December 4, 2019

အသင်းဟောင်းနှင့် ပြန်ရင်ဆိုင်ရမည့် မော်ရင်ဟို

ပြီးခဲ့ရာသီက ယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ဟိုကတော့ အသင်းဟောင်းကို လာမယ့် ဒီဇင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်း လက်စားချေနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် မန်ယူနိုက်တက်တို့ အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ မော်ရင်ဟိုရဲ့ စပါးအသင်းက လာပြီးကစားရမှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်မှာတော့ စပါးက ၂ ကြိမ်၊ ယူနိုက်တက်က ၃ ကြိမ် နိုင်ထားတာကြောင့် ယူနိုက်တက်တို့ အသာရခဲ့သလို ဆယ်စုနှစ်တခုအတွင်း ပြိုင်ပွဲစုံမှာ အကြိမ် ၂၀ အထိ‌ တွေ့ဆုံထားရာမှာလည်း ယူနိုက်တက်တို့က ၁၀ ကြိမ်နိုင်၊ စပါးက ၆ ကြိမ်နိုင်ပြီး သရေပွဲ ၄ ပွဲထိ ရှိထားပါတယ်။  အခုပွဲမှာတော့ ကွင်းလယ်ကစားသမား ပေါ့ဘာ ဒဏ်ရာက ပြန်မသက်သာသေးတာကြောင့် ကျိန်းသေပေါက် လွဲချော်နိုင်ပြီး တော်မီနေး၊ ဒါးလောတ့်၊ ရိုဟို၊ ဘိုင်လီတို့လည်း လွဲချော်နိုင်ပါတယ်။  စပါးကတော့ လူစာရင်းအပြည့် အင်အားအပြည့်နဲ့ ရင်ဆိုင်လာဖို့ ရှိနေပါတယ်။
2 years Ago
Up