ပြန်ဖွင့်

April 28, 2021

ညဘက်ပိတ်ထားခဲ့သည့် FTTH ဖိုက်ဘာအင်တာနက်လိုင်းများ ပြန်ဖွင့်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညစဉ်ညတိုင်း သန်းခေါင်ကျော်ည ၁ နာရီကနေ မနက် ၉ နာရီအထိ ၈ နာရီကြာ အင်တာနက်လိုင်းတွေ ပိတ်ပင်ထားမှု ၃ လနီးပါးအကြာမှာ ဧပြီ ၂၈ ရက် မနေ့ညက စလို့ FTTH ဖိုက်ဘာလိုင်းတွေ  ပြန်လည်ဖွင့်ပေးလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုဘိုင်းဒေတာကနေ အင်တာနက်အသုံးပြုမှုကို  ဆက်လက်ပိတ်ပင်ခဲ့သလို အများပြည်သူသုံးဝိုင်ဖိုင်နဲ့ wirelesss broadband အင်တာနက်တွေကို လည်း ဖြတ်တောက်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ အွန်လိုင်း သတင်းစီးဆင်းမှုကို ထိန်းချုပ်ဖို့၊ တဖက်သတ် ဝါဒဖြန့်မှုတွေအတွက် ညဘက်အချိန်ပိုင်း အင်တာနက်ဖြတ်တောက်လာခဲ့တာ ၇၂ ညအကြာမှာ ပြန်လည်ဖွင့်လှစ်လာတာပါ။ 

ဧပြီ ၂၈ရက်နေ့အထိ မိုဘိုင်း အင်တာနက် ဖြတ်တောက်မှု ၄၄ ရက်၊ အများပြည်သူသုံး ဝိုင်ဖိုင်ဖြတ်တောက်မှု ၄၂ ရက်၊ Wireless broadband အင်တာနက်ဖြတ်တောက်မှု ၂၆ ရက် ရှိနေပြီဖြစ်ပြီး မိုဘိုင်းအင်တာနက်တွေကို လတ်တလော ပြန်ဖွင့်ပေးဖို့မရှိသေးဘူးလို့ အာဏာသိမ်း စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့လူမှုကွန်ရက်အကောင့်စာမျက်နှာအားလုံးကို ဖယ်ရှားပစ်လိုက်တဲ့ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ်လို ဆိုရှယ်မီဒီယာ လူမှုကွန်ရက်တွေနဲ့ ဝက်ဘ်ဆိုက်တွေကို  မြန်မာနိုင်ငံထဲမှာ ကန့်သတ်ပိတ်ပင်ခဲ့တာလည်း  ၈၃ ရက် ရှိနေပြီ ဖြစ်ပါတယ်။

3 weeks Ago

February 9, 2021

ဆန္ဒပြပြည်သူ့အားကို မလွန်ဆန်နိုင်သဖြင့် သံလျင်-ရန်ကုန် တံတား ပြန်ဖွင့်

ဒီနေ့မနက် လုံခြုံရေးတွေချပြီးပိတ်ထားတဲ့ သံလျင်-ရန်ကုန် တံတားအား ဆန္ဒပြ ပြည်သူတွေရဲ့ အားကို မလွန်ဆန်နိုင်တာကြောင့် ပြန်ဖွင့်ပေးလိုက်ရပါတယ်။ အဓိက ရန်ကုန်မြို့လယ်က ဆန္ဒပြပွဲတွေကို သွားရောက်မပူးပေါင်းနိုင်အောင် ပိတ်ထားတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - Thanlyin Community Learning Center

3 months Ago
More News
Up