ပြန်ပေးရန်ရည်ရွယ်ဟုဆို

October 16, 2019

တူရကီစစ်ဆင်ရေးက ဆီးရီးယားနိုင်ငံကို ပိုင်ရှင်အစစ်အမှန်ဆီ ပြန်ပေးရန်ရည်ရွယ်ဟုဆို

တူရကီစစ်ဆင်ရေးဟာ ဆီးရီးယားနိုင်ငံကို  ပိုင်ရှင်အစစ်အမှန်ဆီ ပြန်ပေးဖို့ ရည်ရွယ်တယ်လို့  တူရကီ သမ္မတ အာဒိုဂန်က အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြောပါတယ်။    တူရကီဟာ ဆီးရီးယားမြောက်ပိုင်း မန်ဘစ်မြို့က ကာ့ဒ်သူပုန်တွေကို မောင်းထုတ်ဖို့ ရည်ရွယ်တယ်လို့လည်း သမ္မတ အာဒိုဂန်က ပြောပါတယ်။ ဆီးရီးယားမြောက်ပိုင်းကို တူရကီ ထိုးစစ်ဆင်နွှဲနေတာနဲ့ ပတ်သက်လို့ တူရကီကို လက်နက်တင်ပို့တာ ကန့်သတ်ဖို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အီးယူနိုင်ငံတွေက သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လည်း နေတိုးမဟာမိတ် တူရကီအပေါ် လက်နက်တင်ပို့မှု လုံးဝ ပိတ်ဆို့တာမျိုးကိုတော့    အီးယူဟာ မလုပ်ခဲ့ပါဘူး။ တူရကီအပေါ် လက်နက်တင်ပို့မှု ကန့်သတ်တဲ့အပေါ် တူရကီ အစိုးရက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အီးယူနိုင်ငံအများစုဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြပြီး နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို တိုက်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဘယ်တုန်းကစပြီး ကာကွယ်ပေးနေတာလဲလို့ သမ္မတ အာဒိုဂန်က မေးခွန်းထုတ်ခဲ့ပါတယ်။
2 years Ago
Up