ပြန်ပိတ်

A d v e r t i s e m e n t With Us

July 11, 2020

ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကူးစက်မှု ပိုမြင့်လာသဖြင့် ကျောင်းများ ပြန်ပိတ်

ဟောင်ကောင်မှာ ကိုဗစ်-၁၉ လူနာကူးစက်မှုတွေ ပိုမြင့်တက်လာတာမို့ ပညာရေးဗျုရိုက ဇူလိုင် ၁၀ ရက်နေ့ကစလို့ ကျောင်းအားလုံးကို ပြန်ပိတ်ခိုင်းထားလိုက်ပါတယ်။ ဟောင်ကောင်မှာ ကျောင်းအများစုဟာ ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့သလို နိုင်ငံတကာကျောင်းတွေလည်း နွေရာသီကျောင်းပိတ်ကာလနဲ့ တိုက်ဆိုင်နေတာမို့ ပိတ်ထားခဲ့တာ ကြာပါပြီ။ ဟောင်ကောင်မှာ ဇူလိုင် ၁၀ ရက်နေ့ တရက်တည်း အသစ်တွေ့ အတည်ပြုလူနာ ၄၂ ဦး တွေ့ခဲ့ပါတယ်။ ဒီထဲက ၃၂ ဦးဟာ ပြည်တွင်းနေအချင်းချင်း ကူးစက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ကျောင်းသားမိဘ တော်တော်များများကလည်း အခုလို ပြည်တွင်းနေအချင်းချင်း  ကူးစက်မှု မြင့်တက်လာတာကို စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
8 months Ago

June 13, 2020

ပေကျင်းတွင် ဇွန် ၁၂ ရက်မှစ၍ အခြေခံပညာကျောင်း အငယ်တန်းများ ပြန်ပိတ်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ဇွန်လ ၁၂ ရက်ကစလို့ အခြေခံပညာကျောင်းတွေရဲ့ အငယ် တန်းတွေကို ပြန်ပိတ်လိုက်ရပါတယ်။  ဒါဟာ မြို့တော်မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးကို အသစ်တွေ့ရှိခဲ့ရလို့ပါ။  ပေကျင်းပညာရေးကော်မရှင်ကလည်း ကျောင်းပြင်ပလေ့ကျင့်ရေး သင်တန်းကျောင်းတွေကို ရပ်ဆိုင်းထားဖို့ကို တိုက်တွန်းထားပါတယ်။  ကော်မရှင်ရဲ့အဆိုအရ မြို့တော်ရဲ့အခြေခံပညာကျောင်းတွေက ၁ တန်း၊ ၂ တန်းနဲ့ ၃ တန်း ကျောင်းသား ၅ သိန်း ၂ သောင်းကို ဇွန်လ ၁၅ ရက်မှာ ကျောင်းပြန်တက်နိုင်ဖို့ မူလက စီစဉ်ထားခဲ့တာလို့ သိရပါတယ်။  အတန်းကြီး ကျောင်းသားတွေကိုတော့ ကျောင်းဆက်တက်ခွင့်ပေးထားဦးမှာဖြစ်ပြီး သင်ကြားမှုပုံစံမှာလည်း ကပ်ဘေးထိန်းချုပ်ရေး အစီအစဉ်အရ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  ပေကျင်းမှာ လက်ကားဈေးကြီးတခုကို လာရောက်ခဲ့သူနှစ်ဦးမှာ ကိုဗစ်-၁၉ ဖြစ်နေကြောင်း တွေ့ခဲ့ရပြီးနောက် တခြားလက်ကားဈေးကြီးတွေကိုလည်း ယာယီပိတ်ထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago
Up