ပြန်ထူထောင်

January 23, 2020

သြစတြေးလျ တောမီးသင့်ဒေသ ပြန်ထူထောင်ရန်မျှော်လင့်

သြစတြေးလျတောမီးသင့်ဒေသတွေမှာ ဇန်နဝါရီ ၂၃ ရက်က ရှင်းလင်းရေးနဲ့ ပြန်တည်ဆောက်ရေးကို လုပ်ဆောင်နေပြီး တချို့လုပ်ငန်းတွေကို ပြန်ထူထောင်ဖို့ မီးဘေးသင့်သူတွေက မျှော်လင့်နေပါတယ်။ ကွတ်မန်ဇယ်ဟာ နယူးဆောက်ဝေးပြည်နယ်  Kangaroo Valley မြို့မှာ မင်္ဂလာခန်းမ ဝန်ဆောင်မှု လုပ်ငန်းကို ၁၂ နှစ်ကျော် အောင်အောင်မြင်မြင် လုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် တောမီးလောင်တဲ့အထဲမှာ မင်္ဂလာခန်းမ၊ ဘုရားကျောင်း၊ ရှုခင်းကြည့်နေရာနဲ့ တည်းခိုခန်းတွေ ပါဝင်တဲ့ သူရဲ့  Kangaroo Valley Bush Retreat ပါသွားခဲ့ပါတယ်။ တောမီးလောင်ပြီး နှစ်ပတ်အကြာမှာတော့ မန်ဇယ်ဟာ အာမခံကုမ္ပဏီနဲ့ ဒေသ အာဏာပိုင်တွေရဲ့အကူအညီနဲ့ ပြန်တည်ဆောက်ရေး စတင်နေပါပြီ။  တောမီးကြောင့် နေအိမ်တွေဆုံးရှုံးခဲ့သူ မန်ဇယ်က “အချိန်ကြာလာတာနဲ့အမျှ ပျက်စီးမှုကို ကုစားနိုင်မှာပါ” လို့ ပြောပါတယ်။ သြစတြေးလျ တောမီးကြောင့် လူ ၂၉ ယောက်နဲ့ ဒေသရင်း တိရိစ္ဆာန် ခန့်မှန်း  တစ်ဘီလျံလောက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်ပေါင်း၂၅၀၀ လောက်နဲ့ ဂျာမနီနိုင်ငံရဲ့ သုံးပုံတစ်ပုံ အရွယ်ရှိတဲ့  တောရိုင်းမြေတွေဟာ မီးလောင်ပျက်စီးခဲ့ရပါတယ်။
1 year Ago
Up