ပြန်တိုင်း

A d v e r t i s e m e n t With Us

May 29, 2020

တောင်အမြင့် ပြန်တိုင်းရန် ဧဝရတ်တောင်သို့ တရုတ်လေ့လာရေးအဖွဲ့ တက်ရောက်

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ပေါ်ကို တရုတ်ပြည်က လေ့လာရေးအဖွဲ့တဖွဲ့ ဟာ မေလ ၂၇ ရက်က  တက်ရောက်ခဲ့ပါတယ်။  သူတို့ဟာ တောင်ရဲ့အမြင့်ကို ပြန်လည်တိုင်းတာဖို့နဲ့ သိပ္ပံသုတေသနတွေ လုပ်ဆောင်ဖို့ တက်ရောက်ခဲ့တာပါ။  ဒီအဖွဲ့ဟာ တောင်ပေါ်မှာ ဂျီပီအက်စ်ကိရိယာတခု၊ မြေဆွဲအားတိုင်းတဲ့ စက်တခု၊ နှင်းထု အမြင့်ကို အာရုံခံတဲ့ ရေဒါတခုနဲ့၊ မိုးလေဝသတိုင်းတာတဲ့ စက်တခုကို ချန်ထားခဲ့ပါတယ်။ တစ်ဖွဲ့လုံးဟာ အမြင့်ပေ ရှစ်ထောင့်ရှစ်ရာမီတာရှိတဲ့ တောင်ပေါ်ရောက်ဖို့ ကိုးနာရီကြာခဲ့ ပါတယ်။  သူတို့ဟာ ယခင်ကလည်း ခြောက်ကြိမ်ကြိုးစားခဲ့ပေမဲ့ ရာသီဥတုကြောင့် တောင်ပေါ်မ ရောက်ခဲ့ပါဘူး။  တရုတ်ပြည်ဟာ ၁၉၇၅ နဲ့ ၂၀၀၅ မှာလည်း ဧဝရက်တောင်ရဲ့ အမြင့်ကို ပြန်လည်တိုင်းတာမှု နှစ်ကြိမ်လုပ်ခဲ့ပြီး အမြင့်မီတာ ၈၈၄၈ ဒသမ ၁၃ မီတာနဲ့ ၈၈၄၄ ဒသမ ၄၃ မီတာ အသီးသီးရှိခဲ့ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
9 months Ago
Up