ပြန်ငြိမ်းချမ်း

A d v e r t i s e m e n t With Us

November 21, 2020

နာဂေါ်နို ခါရာဘတ်ခ်ဒေသ စတက်ဖါနာဂတ်မြို့ ပြန်ငြိမ်းချမ်းလာဟု ရုရှားထုတ်ပြန်

နာဂေါ်နို ခါရာဘတ်ခ်ဒေသက  စတက်ဖါနာဂတ်မြို့မှာ  အခြေအနေ ပြန်ငြိမ်းချမ်းလာပြိလို့ ရုရုားကာကွယ်ရေးဌာနက နိုဝင်ဘာ  ၂၀  ရက်မှာ ထုတ်ပြန်ပါတယ်။     ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စောင့်ကြပ်လိုက်ပါလာတဲ့ နောက်ထပ်ဒုက္ခသည် ယာဉ်တန်း တခုဟာလည်း စတက်ဖါနာဂတ်မြို့ကို ရောက်လာတယ်လို့ ကာကွယ်ရေးဌာနက ဆိုပါတယ်။   နာဂေါ်နိုခါရာဘတ်ခ်ဒေသ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ရုရှားအစိုးရက ကြားဝင် စေ့စပ်ခဲ့ပြီး အဲဒီသဘောတူညီချက်အရ  ရုရှားငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် နှစ်ထောင်နီးပါး ချထားခဲ့ ပါတယ်။  ငြိမ်းချမ်းရေး သဘောတူညီချက်စည်းကမ်းတွေအရ တခြားနယ်မြေတွေကို စစ်နိုင်သူ အဇာဘိုင်ဂျန်ထံ စွန့်လွှတ်ခဲ့ရပေမဲ့   စတက်ဖါနာဂတ်မြို့ကိုတော့ အာမေးနီးယန်းမျိုးနွယ်စုက ဆက် ထိန်းချုပ်သွားမှာပါ။    နိုဝင်ဘာ ၁၉ ရက်မှာ အာမေးနီးယားနယ်မြေကနေ နာဂေါ်နိုခါရာဘတ်ခ်ဒေသကို ပြန်လာတဲ့ ဒုက္ခသည်  ၁, ၂၃၅ ယောက်ရှိတယ်လို့  ရုရှားကာကွယ်ရေးဌာနက ဆိုပါတယ်။  နိုဝင်ဘာ ၁၄ ရက်ကစလို့ မိခင်နိုင်ငံဆီ ပြန်လာတဲ့ ဒုက္ခသည် ၂,၆၀၀ ကျော်သွားပြီလို့လည်း  ကာကွယ်ရေးဌာနက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ 
2 months Ago
Up