ပြန်ခွင့်ပြု

May 16, 2020

အီတလီတွင် ပြည်တွင်း/ပခရီးသွားလာခွင့် ဇွန် ၃ ရက်နေ့ ပြန်ခွင့်ပြုမည်

ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားလာခွင့်ကို  ဇွန်လ ၃ ရက်ကစလို့  ခွင့်ပြုမယ့် အမိန့်ဒီဂရီ တရပ်ကို အီတလီအစိုးရက မေ ၁၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အစိုးရဟာ အဲဒီနေ့မှာ နိုင်ငံတွင်း နိုင်ငံသားတွေ လွတ်လပ်စွာခရီးသွားလာခွင့်ကို ခွင့်ပြုမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အီတလီဟာ မတ်လအတွင်း တနိုင်လုံးလော့ဒေါင်းချမှုကို ပထမဆုံးလုပ်ခဲ့တဲ့ ဥရောပ နိုင်ငံဖြစ်ပါတယ်။  ဒါပေမဲ့ ကိုဗစ်-၁၉ လူနာသေဆုံးမှုနှုန်းဟာ ၃၁,၆၀၀ ရှိခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်တို့ နောက်မှာ တတိယအမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။  ဇွန် ၃ ရက်မှာ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေအားလုံး ပြန်ရုပ်သိမ်းတော့မှာမို့  ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေလည်း ကျန်းမာရေးအာဏာပိုင်တွေရဲ့ သတ်မှတ်ချက်တွေအတိုင်း ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
1 year Ago
Up