ပြန်ခေါ်ရန် စိတ်ဝင်စား

January 28, 2020

မန်ယူနိုက်တက်က တိုက်စစ်မှူး ဆန်းချက်ဇ်ကို ပြန်ခေါ်ရန် စိတ်ဝင်စား

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းကို အငှားချထားတဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို ဒုတိယအကြိမ် အခွင့်အရေး ပေးချင်နေပြီး တပတ် လုပ်ခ ပေါင် ၅ သိန်းနဲ့တန်တဲ့ ခြေစွမ်းမျိုး ပြန်လည်ပြသနိုင်ဖို့ ယုံကြည်နေပါတယ်။ မန်ယူနိုက်တက်နဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဆန်းချက်ဇ်ဟာလည်း အင်တာမီလန်အသင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရသလို ယူနိုက်တက်ဘက်ကလည်း ဆန်းချက်ဇ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းလိုနေတာကြောင့် မထင်မှတ်ဘဲ ပြန်လည်ခေါ်ယူသွားဖို့ ရှိနေတယ်လို့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။  အသက် ၃၁ နှစ်အရွယ် အလက်ဆစ်ဆန်းချက်ဇ်ဟာ တချိန်က ဥရောပကလပ် အသင်းကြီး တော်တော်များများရဲ့ မျက်စိကျခြင်း ခံခဲ့ရပေမယ့် လတ်တလောမှာတော့ သူ့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။
1 year Ago
Up