မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ပြန်ခေါ်ဖို့
Home
ပြန်ခေါ်ဖို့
February 11, 2020
793
ယူနိုက်တက်က ပြန်ခေါ်ဖို့ကြားရချိန်မှာ အသက် ၁၆ နှစ်ကို ပြန်ရောက်ခဲ့သလိုပဲ - ဂျိုရှုအာကင်း
ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ငယ်ဘဝ ကလပ်ဖြစ်တဲ့
မန်ချက်စတာယူနိုက်တက်
အသင်းကို မပြောင်းရွှေ့နိုင်တာနဲ့ ပတ်သက်ပြီး
ဘုန်းမောက်
တိုက်စစ်မှူး ဂျိုရှုအာကင်းက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
နော်ဝေ လက်ရွေးစင်တိုက်စစ်မှူး ဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ကင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမား ဖြစ်ခဲ့ပါတယ်။
အဓိကတိုက်စစ်မှူးတဦးဖြစ်တဲ့ မားကပ်ရက်ဖို့ဒ် ဒဏ်ရာကြောင့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကစားသမားဟောင်းတဦး ဖြစ်တဲ့ ကင်းဟာ သူ့ရဲ့ရေဒါထဲမှာ ရှိနေခဲ့တာပါ။
ကင်းဟာ သူ့ကစားသမားဘဝ စတင်ချိန် ယူနိုက်တက်အသင်းမှာ ၅ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့တာ ဖြစ်ပြီးတော့ ယူနိုက်တက်အသင်းကို ပြန်သွားရမယ်လို့ သတင်းတွေ ပေါ်ထွက်လာတော့ ဒါဟာ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
ဒါပေမဲ့ ကင်းကို ခေါ်ယူမယ့် ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက် ကြိုးပမ်းမှုဟာ ကံမကောင်းစွာနဲ့ဘဲ ပျက်ပြားသွားခဲ့ရပြီး သူ့အစား
ဆိုးလ်ရှား
က ဝက်ဖို့ဒ် တိုက်စစ်မှူးဟောင် အီဂါလိုကို အငှားစာချုပ်နဲ့ အစားထိုး ခေါ်ယူခဲ့ပါတယ်။
ဒီလို မပြောင်းရွှေ့ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ နော်ဝေး သတင်းအေဂျင်စီ TV2 ရဲ့ ပထမဆုံး အင်တာဗျူး အစီအစဉ်မှာ ကင်းက “ယူနိုက်တက်ကို ပြန်သွားဖို့ ဘယ်လိုမျိုးနီးစပ်မှု ရှိခဲ့လဲဆိုတာကို ကျနော် အပြည့်အဝ မဖြေကြားနိုင်ပါဘူး။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့ဟာ တကယ်ဖြစ်လာမယ်လို့တော့ ကျနော် ယုံကြည်မိခဲ့ပါတယ်။ ကျနော့်အသက် ၁၆ နှစ်အရွယ်မှာ အင်္ဂလန်ကို ပြောင်းရွှေ့လာပြီး အိပ်မက်တွေကို တည်ဆောက်ဖို့နဲ့ ဒီအိပ်မက်ကို ယူနိုက်တက်အသင်းမှာ အကောင်အထည်ဖော်လိုကြောင်းကို စဉ်းစားမိလိုက်တာကိုက ကျနော့်အတွက် အထိအရှမခံတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်အတိုင်း ဖြစ်မလာခဲ့တော့ ကျနော် ဆုံးဖြတ်ချက်တခုနဲ့အတူ အသင်းကနေ ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမဲ့ နောင်တချိန် ခင်ဗျားကို ယူနိုက်တက်က ပြန်ခေါ်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ အသံတွေကို ပြန်ကြားရချိန်မှာတော့ ကျနော်ဟာ အသက် ၁၆ နှစ်တုန်းက အချိန်ကို ပြန်ရောက်ရှိသွားခဲ့သလိုပါပဲ” လို့ ဖြေကြားပါတယ်။
“ဒီအပြောင်းအရွှေ့ ဘာကြောင့်ဖြစ်မလာခဲ့သလဲ ဆိုတာတော့ ကျနော် မိသိပါဘူး။ အခု ကျနော်ဟာ ဘုန်းမောက် ကစားသမားတယောက်အဖြစ် ရှိနေပြီးတော့ အသင်းမှာ ရှိနေသမျှ ကာလပတ်လုံးအသင်းအတွက် ပေးဆပ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ကို ပြန်ပြောင်းဖို့ သတင်းဟာ ကျနော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာသလိုမျိုး ခံစားရစေတယ် ဆိုတာကိုတော့ မညာချင်ပါဘူး။ ဘုန်းမောက် နည်းပြနဲ့ ကျနော်နဲ့ကြားမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်” လို့လည်း ကင်းက ပြောပါတယ်။
လက်ရှိအချိန်မှာ ကင်းရဲ့ ဘုန်းမောက်အသင်းဟာ တန်းဆင်းဇုန်နဲ့ နှစ်မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရှိနေပြီးတော့ အသင်းကို လက်ရှိနေရာကနေ ဆွဲထုတ်နိုင်ဖို့အတွက် ဆက်လက်ကြိုးစားသွားရမယ်လို့လည်း ကင်းက ပြောပါတယ်။
1 year Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up