ပြန်ကြားရေးတာဝန်ခံ

September 30, 2021

ခင်ဦးမြို့ NLD ပြန်ကြားရေးတာဝန်ခံ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်က NLD ပြန်ကြားရေးတာဝန်ခံလည်းဖြစ် တိုင်းလူငယ်အဖွဲ့ဝင်လည်းဖြစ်သူ ကိုချမ်းမြေ့မောင်ကို ဒီနေ့ နေ့ယေ် ၂ နာရီလောက်က နေအိမ်မှာပဲ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ကိုချမ်းမြေ့မောင်က စစ်အာဏာဆန့်ကျင်ဆန္ဒပြရာမှာလည်း အားတက်သရောပါဝင်ခဲ့တယ်။ သူကလက်ဖက်ရည်ဆိုင်လည်း ဖွင့်ထားတာ သူ့ဆိုင်ကို စစ်သားနဲ့ရဲတွေ အမြဲလာသောက်လေ့ရှိတယ်။ စစ်ကောင်စီက လူတွေက ငါတို့က လက်နက်ကိုင်သူကိုပဲ ဖမ်းတာ ဆန္ဒပြသူဖမ်းတာမဟုတ်ဘူး၊ ဆန္ဒပြသူများဖမ်းမယ်ဆိုရင် ခင်ဦးမြို့ သံဆူးကြိုးခပ် ထောင်ချထားရုံပဲလို့ သူတို့ပြောစကားနားယောင်ပြီး ရှောင်တိမ်ခြင်းမရှိဘူး။ ဒါကြောင့် အလွယ်ဖမ်းခံလိုက်ရတာ။”

ကိုချမ်းမြေ့မောင်ဟာ စစ်အာဏာဆန့်ကျင်ဆန္ဒပြပွဲတွေမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီနေ့ ညနေ ၄ နာရီလောက်ကလည်း ခင်ဦးမြို့က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်အိမ်ကို ဝင်ရောက် ရှာဖွေတာတွေပြုလုပ်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ဇနီးနဲ့သမီးအား အိမ်ကိုဗုံးခွဲမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့သိရပါတယ်။

1 year Ago

March 12, 2021

မဘိမ်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ နှင့် ပြန်ကြားရေးတာဝန်ခံတို့ ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်ခင်မာကြည်နဲ့ ပါတီသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးဝင်းအောင်မိုးတို့ကို အာဏာသိမ်းစစ်ကောင်စီက မတ်လ ၈ ရက်နေ့မှာ ဖမ်းဆီးထားတယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်ကပြောပါတယ်။

ဒါ့အပြင် မဘိမ်းမြို့နဲ့ တဆက်တည်းရှိတဲ့ မိုးမိတ်မြို့က ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဒေါ်မြမြ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးမင်းလွင်၊ ဦးကျော်ခိုင်ဝင်း၊ မိုးမိတ်ခရိုင်လျှပ်စစ်ရုံးဝန်ထမ်း ဒေါ်သန္တာအောင်နဲ့ ဆန္ဒပြသူဦးစိုင်းထွေး စုစုပေါင်း (၅)ဦးတို့ကိုလည်း  ဖမ်းဆီးထားပါတယ်။

2 years Ago
Up