ပြန်ကု

A d v e r t i s e m e n t With Us

April 10, 2020

အမေရိကန်တွင် ကိုရိုနာကူးစက်ပြီးပြန်ကောင်းလာသူများ၏သွေးဖြင့် ရောဂါဖြစ်နေသူများကို ပြန်ကု

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို ရောဂါကူးစက်ပြီး ပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည်နဲ့  အမေရိကန် ဆရာဝန်တွေက ပထမဆုံးအကြိမ် ကုသပေးနေပါတယ်။  COVID-19 လို ကူးစက်ရောဂါတွေကနေ  ပြန်ကောင်းလာသူတွေရဲ့ သွေးမှာ အများအား ဖြင့် ဗိုင်းရပ်စ် တိုက်ထုတ်ဖို့ ကိုယ်ခံအားစနစ်က ထုတ်လုပ်တဲ့ ပဋိပစ္စည်း ဒါမှမဟုတ်  ပရိုတိန်းတွေ ပါဝင်နေပါတယ်။  ဒါကို နေပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည်ဆိုပြီး ခေါ်ဆိုပါတယ်။    အဲဒီပဋိပစ္စည်းတွင်ပါဝင်တဲ့ သွေးရည်ကြည်ကိုယူပြီး ကူးစက်ခံရတဲ့ လူနာတွေကို  ထိုးပေးနိုင်ပါတယ်။   ဒီသွေးရည်ကြည်ကုထုံးဟာ မိနစ် ၉၀ အထိ ကြာမြင့်ပြီး အလှူရှင်တဦးဆီက သွေးရည်ကြည်ကို  လူနာ သုံးလေးယောက်အထိ ကုသပေးနိုင်ပါတယ်။   အမေရိကန်ဆေးရုံ နှစ်ခုဟာ COVID-19 လူနာတွေကို မတ်လ ၂၈ ရက်ကစပြီး အဲဒီ သွေးရည်ကြည်ကုထုံးနဲ့ စတင် ကုသပေးနေပါတယ်။     ဒီလိုနေပြန်ကောင်းလာသူတွေဆီက ရတဲ့ သွေးရည်ကြည်နဲ့ကုတဲ့ကုထုံးဟာ  အသစ်အဆန်း မဟုတ်ဘဲ ၁၉၁၈ ကူးစက်မြန် တုပ်ကွေးကပ်ရောဂါ ကာလတုန်းကလည်း  အောင်အောင်မြင်မြင် အသုံးပြုခဲ့ဖူးတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
11 months Ago
Up