ပြန်ကစားနိုင်ရန်

February 5, 2020

ရာသီမကုန်ခင် တိုက်စစ်မှူးကိန်း ပြန်ကစားနိုင်ရန် စပါးနည်းပြ မော်ရင်ဟို မျှော်လင့်

စပါးနည်းပြ မော်ရင်ဟိုက ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမကုန်ခင်မှာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ဒဏ်ရာရပြီး ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။  နည်းပြ မော်ရင်ဟိုကတော့ ဒီနှစ် ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် ၂ ပွဲမှာ ဟယ်ရီကိန်း ပါဝင်ကစားနိုင်ဖို့ ခန့်မှန်းထားပါတယ်။ ကိန်းအနေနဲ့ လာမယ့် ဧပြီလမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်လိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ လတ်တလောမှာ စပါးအသင်းဟာ တိုက်စစ်မှူး ကိန်း မရှိတဲ့အတွက် ဂိုးတွေရဖို့ ရုန်းကန်နေရပါတယ်။
1 year Ago
Up