ပြန်ကစား

November 6, 2022

ဒဏ်ရာရထားသော်လည်း မက်ဆီ ကမ္ဘာ့ဖလားအမီ ပြန်ကစားနိုင်မည်

အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး မက်ဆီဟာ ဖနောင့်ကြောဒဏ်ရာရနေပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအမီပြန်လည် ကစားနိုင်မယ်လို့ သိရပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ဂျူဗင်တပ်စ်နဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ကစာခဲ့ပေမဲ့ ဖနောင့်ကြောမှာ ယောင်နေတာကြောင့် အခုတပတ်ကစားမယ့် ပြင်သစ်လီဂူးဝမ်း ပွဲစဉ်ကို လွဲချော်မှာပါ။ 

ဒါပေမဲ့ အသေးစား ဒဏ်ရာသာဖြစ်လို့ နောက်တစ်ပတ်မှာ ပြန်ကစားနိုင်မှာဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ဆက်လက်ယှဉ်ပြိုင်နိုင်မှာဖြစ်ကြောင်း ပီအက်စ်ဂျီ အသင်းဘက်က ထုတ်ပြန်ပါတယ်။ 

မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ၁၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နိုဝင်ဘာ ၂၀ ရက်မှာ စတင်မှာဖြစ်ပြီး မက်ဆီဦးဆောင်မယ့် အာဂျင်တီးနားအသင်းက မက္ကဆီကို၊ ပိုလန်၊ ဆော်ဒီ အသင်းတွေနဲ့ အုပ်စု C မှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ 

4 weeks Ago

November 1, 2022

ဆာကာ ဒဏ်ရာမပြင်းထန်သဖြင့် ချဲလ်ဆီးနှင့်ကန်မည့်ပွဲတွင် ပြန်ကစားနိုင်မည်

အာဆင်နယ်နဲ့ အင်္ဂလန်အသင်းရဲ့ တောင်ပံကစားသမား ဆာကာဟာ  ဒဏ်ရာ မပြင်းထန်တာကြောင့် အခုသီတင်းပတ်အကုန် ချဲလ်ဆီးနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပြန်ကစားနိုင်မယ်လို့သိရပါတယ်။

ဆာကာဟာ နော်တမ်ဟမ်ဖောရက်စ်ကို ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲစဉ်မှာ  ပွဲချိန် ၂၇ မိနစ်ကတည်းက ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ။

ဆာကာဟာ ခြေကျင်းဝတ်နေရာမှာ အနည်းငယ်ထိခိုက်မိခဲ့တာဖြစ်ပြီး ကနဦးဆေးစစ်ချက်အရ တစ်ပတ်အတွင်းမှာပြန်ကစားနိုင်တယ်လို့သိရပါတယ်။

ဒီသတင်းဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်လည်း သတင်းကောင်းဖြစ်စေခဲ့ပြီး ဆာကာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်တော့မှာ မဟုတ်တော့ပါဘူး။

အလားတူ အာဆင်နယ်နည်းပြအာတေတာအတွက်လည်း စိတ်သက်သာရာရစေခဲ့ပါတယ်။ အာဆင်နယ်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် ဇူးရစ်၊ ချဲလ်ဆီး၊ ဘရိုက်တန်၊ ဝုဗ်အသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

1 month Ago
More News
Up