ပြတိုက်များ

December 1, 2020

ကမ္ဘောဒီးယားတွင် ကိုဗစ်-၁၉ ကာကွယ်ရန် ပုဂ္ဂလိကကျောင်းများ၊ ပြတိုက်များ နှစ်ပတ်ကြာပိတ်

ကမ္ဘောဒီးယားနိုင်ငံက အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးရဲ့ဇနီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာ တွေ့အပြီး ပုဂ္ဂလိကကျောင်းတွေ၊ ပြတိုက်တွေနဲ့ ဟိုတယ် ဖနွမ်ပင်တို့ အားလုံးကို သီတင်းပတ် ၂ ပတ်ကြာ ယာယီပိတ်ထားဖို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။ ပထမဆုံး ပြည်တွင်း ကူးစက်မှုကို စနေနေ့က အတည်ပြုအပြီး ဝန်ကြီးချုပ် ဟွန်ဆန်က ဖနွမ်ပင်နဲ့ ဆီရမ်ယိပြည်နယ်တွေက အုပ်ချုပ်ရေးမှူးတွေကို အသံသွင်းထားတဲ့ သတင်းစကား နိုဝင်ဘာ ၃၀ ရက်က ပေးပို့အပြီးမှာ ခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။ မြို့တော်ဖနွမ်ပင်မှာ ၁၅ ရက်အတွင်း လူ ၂၀ ထက်ပိုပြီး စုဝေးတာကို တနင်္လာနေ့ကစပြီး ဆိုင်းငံ့ထားသလို သက်မွေးဝမ်းကျောင်းသင်တန်းတွေကိုလည်း ၁၅ ရက်ကြာ ဆိုင်းငံ့ထားမှာပါ။ က‌မ္ဘောဒီးယားနိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ  ၃၂၆ ယောက် ရှိပြီး သေဆုံးသူ မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
5 months Ago
Up