ပြည်သူ ၃ ဦး

April 28, 2021

မိုးကုတ်မြို့က ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ ဧပြီ ၂၇ ရက်နေ့က   ပြည်သူ ၃ ဦးကို  သူတို့ရဲ့ နေအိမ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက   လာရောက်ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မိုးကုတ်မြို့ခံ ပြည်သူတွေရဲ့နေအိမ်ကို လက်နက်ကိုင် အင်အားအလုံးအရင်းနဲ့ ဝိုင်းထားကာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မနန္ဒာအောင်၊ ကိုကျော်ဝင်းဆွေနဲ့ ကိုထွန်းနိုင်တို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့သုံး​​ယောက်မှာ အမျိုးသမီးတစ်ဦးပါပါတယ်။ သူက လောက်ကိုင်ကနေ ပြန်လာတာမကြာသေးဘူးလို့ သိရပါတယ်”။

အဆိုပါ ပြည်သူ ၃ ဦးကို ဘာကြောင့်ဖမ်းတယ်ဆိုတာနဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်တပ်နဲ့ ရဲတွေစောင့်ကြည့်ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်သူတွေက နေ့စဉ်လိုလို ပုံစံမျိုးစုံနဲ့ အရှိန်မပျက် ဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။ 

3 weeks Ago

April 1, 2021

တောင်ဒဂုံတွင် ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ပစ်ခတ်ခံရ

ရန်ကုန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၀၄ ရပ်ကွက် စည်ပင်ကျူးကျော်ရပ်ကွက်အတွင်း မတ်လ ၃၁ ရက် ည ၁၂ နာရီ ဝန်းကျင်လောက်မှာ  စစ်တပ်က ဝင်ရောက်ဆဲဆို ပစ်ခတ်ခဲ့လို့ ကိုယ်ဝန်ဆောင်  ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ 

ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကိုကျည်ဆန်ထိမှန်သူ တစ်ဦး ကျဆုံးသွားပြီး  ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တဦးမှာလည်း ဝမ်းဗိုက်ညာဘက်ထောင့်နားကို ကျည်ထိမှန်ခဲ့ကာ ခြေသလုံးထိမှန်ဒဏ်ရာရတဲ့ အမျိုးသားတဦးကိုတော့  စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကို ကြုံတွေ့ခဲ့သူတစ်ဦးက '' ညက စစ်ကားတွေတက်လာတယ်ကြားကတည်းက တော်တော်များများ ရှောင်နေကြရတာ။ အသက်ကြီးပိုင်းနဲ့ မိန်းကလေးတွေပဲကျန်တယ်။ စစ်သားတွေ ဝင်းထဲဝင်လာပြီး ဆဲဆိုအော်ဟစ်နေကြတာ။ ပြီးတော့ သေနတ်တွေပစ်ရော အကုန်လုံးအိမ်ထဲ ပုန်းနေကြရင်းထိကြတာ။ ဒီဘက်က  ၇ ယောက် ဟိုဘက်အပိုင်းက ၇ ယောက်လောက်ဖမ်းသွားတယ် '' လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျည်ဆန်ထိမှန်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို မေးမြန်းရာမှာ'' ညက သူတို့ဝင်လာချိန် သမီးက အိပ်ရာထဲ ကွေးပြီးပုန်းနေတာ။ အဲ့တာကို အိမ်နံရံကိုဖောက်ပြီး သမီးကိုလာမှန်တာ။ သွေးတွေက အရမ်းပွက်ပြီးထွက်တာ အမျိုးသားကလည်း ရေတွင်းတူးသွားတော့ ဘယ်သူမှမရှိဘူး။ သမီးတစ်ယောက်ထဲ ကိုယ်ဝန်က ၅ လရှိပြီ ရှင့်ကလေးဘာမှမဖြစ်နိုင်ဘူးမလား'' လို့ ငိုပြီးပြောပြလာပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတော့ ဒီနေ့ မနက်မှ ဆေးကုသမှုခံယူဖို့ လုပ်နိုင်တယ်လို့ သိရပါတယ်။

2 months Ago
Up