ပြည်သူ ၁ ဦးကျဆုံ

March 27, 2021

ယင်းမာပင်နှင့် ဆားလင်းကြီးပူး​ပေါင်းသပိတ်ကို ပစ်ခတ်ဖြိုခွင်း၊ ပြည်သူ ၁ ဦးကျဆုံး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ရဲ့  ပူး​ပေါင်းသပိတ်ကို မတ်လ ၂၇ ရက်​ ဖက်ဆစ်တော်လှန်ရေးနေ့က ဆက်လက်ပြုလုပ်ခဲ့ရာမှာ  စစ်​ကောင်စီအကြမ်းဖက်အဖွဲ့က ပစ်ခတ်လို့ ပြည်သူ  ၁ ဦးသေဆုံးပြီး  ၃ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ​ဆန္ဒပြပြည်သူ​တွေက​ပြောပါတယ်။

ပူး​ပေါင်းသပိတ်ဟာ မုံရွာ-ပုသိမ်လမ်းဆုံ ​ရွှေ​တောင်ဦးအနီးမှာ ထိုင်သပိတ်ပြုလုပ်အပြီး ပြန်လည်ဆုတ်ခွာ​ချိန်မှာ စစ်တပ်နဲ့ရဲက ​ရောက်လာကာ ပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ​၁ ဦးသေ​ဆုံးပြီး  ဒဏ်ရာရရှိသူ​တွေကို​တော့ သပိတ်မှာဝန်းရံတဲ့ပြည်သူ​တွေက တစ်ခြား​နေရာမှာ​ဆေးကုမှုသ​မှုပေး​နေပါတယ်။

ဒီက​နေ့ဆန္ဒပြပွဲမှာ ဒေသတွင်း ကျေးရွာ​ပေါင်းစုံ စု​ပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး လူအင်အား ​သောင်းဝန်းကျင်ထိရှိတယ်လို့ သိရပါတယ်။

8 months Ago
Up