ပြည်သူ ၁၆ ဦး

April 23, 2021

မိုးကုတ်မြို့က ပြည်သူ ၁၆ ဦးကို အာဏာသိမ်းစစ်တပ် ဖမ်းဆီး

မန္တးလေးတိုင်းဒေသကြီး မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်က ပြည်သူ ၁၃ ယောက်နဲ့ ပိတ်စွယ်ရပ်ကွက်က ပြည်သူ ၃ ယောက်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ရွှေကူရပ်ကွက်အတွင်းက ပြည်သူတွေရေးထားတဲ့ တော်လှန်ရေး စာလုံးတွေ ဝင်ဖျက်မယ်အကြောင်းပြုပြီး ယမကာဆိုင်ထဲ ထိုင်နေသူနဲအိမ်ထဲမှာနေသူ စုစုပေါင်း ၁၃ ​ယောက်ကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့ ည ရှစ်နာရီအကျော်သံပုံးတီးချိန်ပြီးတဲ့ခါ လမ်းမှာတွေ့တဲ့ ပြည်သူ သုံးယောက်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ဖုန်းတွေကိုစစ်ပြီး ဆိုင်ကယ်တွေကိုပါ ယူသွားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးကုတ်မြို့မှာ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

3 weeks Ago
Up