ပြည်သူ ၁၄ ဦး

September 25, 2021

ယင်းမာပင်တွင် စစ်​ကောင်စီတပ်က ​ပြည်သူ ၁၄ ဦးကို ဖမ်းဆီး၊ ၁ ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်​​ပေါင်တိုင်​ကျေးရွာမှာ စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူ ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၁ ဦးကို ညှဉ်းပန်းနှိပ်စက်ကာ ​သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ စစ်​ကောင်စီတပ်ဖွဲ့ အင်အား ၇၀ လောက်ဟာ  စက်တင်ဘာ ၂၄ ရက်​​​နေ့ ည​နေပိုင်းက ရင်ပေါင်​တိုင်ကျေးရွာကို စတင်ဝင်​ရောက်ခဲ့ပြီး ဒေသခံပြည်သူ အမျိုးသမီး ၅ ​ဦးနဲ့ ​အမျိုးသား ၉ ​ဦး စုစု​ပေါင်း ၁၄ ဦးတို့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်​ကောင်စီတပ်က နှိပ်စက်ပစ်ခတ်တာကြောင့် ​အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦး ​သေဆုံးသွားခဲ့ကာ ကျန်တဲ့သူ​တွေကို​တော့ ​မေးမြန်းရိုက်ပုတ်စစ်​ဆေးပြီး ပြန်လွှတ်​ပေးခဲ့တယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ ​

သေဆုံးသွားသူဟာ ကိုမြင့်သန်းဦး ဆိုသူဖြစ်ပြီး အရိုက်ခံထားရသူ​တွေကလည်း ဒဏ်ရာပြင်းထန်သူတချို့ရှိသလို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အ​နေထားရှိ​နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေ ​ကျေးရွာတွင်း နေအိမ်တွေနဲ့ ​စျေးဆိုင်တစ်ဆိုင်ကို ဝင်​ရောက်ဖျက်ဆီး​မွှေ​နှောက်ခဲ့ပြီး ပစ္စည်းတွေ ယူ​ဆောင်တာအပြင် ဖုန်း​ဘေ ၆ သိန်း ကျပ်လောက်နဲ့ ​ ငွေသား ကျပ် ၅ သိန်း ကိုလည်း ယူ​ဆောင်သွားကြတာလို့ ဆိုပါတယ်။

ဒီနေ့မနက်မှာ စစ်ကောင်စီတပ်ဟာ ဒီ​နေ့မနက်မှာတော့ ရင်ပေါင်တိုင်​ကျေးရွာကနေ ယင်းမာပင်မြို့ဘက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတပ်ဟာ ပုလဲမြို့နယ်ဘက်က​​ ကျေးရွာ​တွေကို ​မွှေ​နှောက်ဖျက်ဆီးခဲ့တဲ့တပ် ဖြစ်တယ်လို့ ဆိုပါတယ်။

2 months Ago

April 23, 2021

မန္တလေးတွင် ယနေ့ နံနက် အပြစ်မဲ့ ပြည်သူ ၁၄ ဦး အဖမ်းခံရ

ဧပြီလ ၂၃ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်က ချမ်းမြသာစည် (ဃ/၄) ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို အကြမ်းဖက်ချိုးဖျက်ပြီး လူငယ်အမျိုးသား ၆ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ 

အဖမ်းခံရသူတွေဟာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေ မဟုတ်ဘူးလို့ အဖမ်းခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။ 

ဒီကနေ့ မနက်ပိုင်း ၉ နာရီကျော်ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေး မြရည်နန္ဒာအိမ်ရာကို ဝင်ရောက်စီးနင်းပြီး သားအမိ ၂ ယောက် အပါအဝင် ပြည်သူ ၆ ယောက်ကို ဖမ်းဆီးသွားခဲ့တာပါ။ 

ဒါ့အပြင် မနက် ၁၀ နာရီကျော် အချိန်က မန္တလေး ၆၂ လမ်းနဲ့ ၁၈ လမ်းမှာလည်း ဆိုင်ကယ်တွေကို စစ်ဆေးရင်း ဆယ်ကျော်သက်အရွယ် လူငယ် ၂ ယောက်ကို ရိုက်နှက်ပြီး Probox ကားနောက်ဖုံးထဲ ထည့်ခေါ်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ 

မန္တလေးမြို့မှာ ဒီကနေ့ မနက်ပိုင်းအတွင်း DVB က သတင်းရရှိသလောက် အပြစ်မဲ့ ပြည်သူ ၁၄ ယောက် အဖမ်းခံထာရပြီဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြရည်နန္ဒာအိမ်ရာကိုလည်း နေ့စဉ်လိုလို ဝင်ရောက် ရှာဖွေနေပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း အမျိုးသမီး ၂ ယောက် အပါအဝင် လူငယ် ၄ ယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။

Photo - CJ

8 months Ago
Up