ပြည်သူ ၁ဝ ဦး

March 30, 2021

သာကေတမြို့နယ်၌ လမ်းဘေးဈေးသည်နှင့် ပြည်သူ ၁ဝ ဦးကျော် ဖမ်းဆီးခံရ

ရန်ကုန် သာကေတမြို့နယ်ထဲမှာ မတ်လ ၃၀ ရက် ညနေပိုင်းက လမ်းဘေးဈေးရောင်းသူ တချို့နဲ့ လမ်းသွားလမ်းလာပြည်သူ ၁၀ ယောက်ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်ကြုံခဲ့ရသူ တစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်းမှာလည်း အရပ်သား ၃ ယောက်ကို ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၃၀ အထိ သာကေတမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ​တပ်ရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသူ အနည်းဆုံး ၆ ဦးအထိ ရှိခဲ့ပြီး  ဖမ်းဆီးခံခဲ့ရသူပေါင်း အနည်းဆုံး ၂၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

သာကေတမြို့နယ် နေ့ရောညပါ အကြမ်းဖက် ပစ်ခတ်တာတွေ နေ့စဉ်နဲ့အမျှ ရှိနေပေမယ့်လည်း သပိတ်စစ်ကြောင်းတွေကတော့ အားမလျော့သွားပဲ စစ်အာဏာရှင်စနစ်ကို ဆန်ကျင် ဆန္ဒဖော်ထုတ်နေကြတာပါ။

Photo...Credit

1 month Ago
Up