ပြည်သူ၄ဦးဖမ်းဆီးခံရ

April 7, 2021

မိုးကုတ်မြို့က အုပ်ချုပ်ရေးမှူးဟောင်းနှင့် ပြည်သူ ၄ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ဧပြီလ ၇ ရက်နေ့မနက်ပိုင်းက မိုးကုတ် အနောက်ပိုင်း ကျပ်ပြင်အုပ်ချုပ်ရေးမှူးဟောင်းကို အာဏာသိမ်းကောင်စီရဲ့ အကြမ်းဖက် ရဲတပ်ဖွဲ့ က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မနက် ၆ နာရီ ၁၈ မိနစ်မှာ အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ရဲတပ်ဖွဲ့ အင်အား ၅၀ လောက်နဲ့ အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅ နဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။

ဧပြီ ၆ ရက်နေ့ကလည်း မိုးကုတ်မြို့ ရွှေဂူရပ်ကွက်ထဲက တိုင်တဲ့သူရှိတဲ့အတွက် ပြည်သူ ၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၄ ဦး ​ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

1 month Ago
Up