ပြည်သူ၂ဦးသေဆုံး၅ဦးဒဏ်ရာရ

March 29, 2021

မြင်းခြံတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့မှာ  မတ်လ ၂၈ ရက်နေ့က စံပြစျေးအနီးမှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်တွေက သေနတ်နဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး   ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံမြို့ခံတွေက ပြောပါတယ်။

အရပ်ဝတ်နဲ့ လိုက်လံပစ်ခတ်နေတာဖြစ်ပြီး မတ်လ ၂၈ ရက် နေ့လည် ၂ နာရီလောက်မှာ အမျိုးသမီးတစ်ဦး ရင်ဘက်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့သလို ညနေ ၆ နာရီ ကျော်မှာ ခရီးသွား Hijet ကားကို ပစ်ခတ်ခံရလို့  ကားခေါင်းခန်းထဲက အမျိုးသားတစ်ဦး ဦးခေါင်း .ကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

8 months Ago
Up