ပြည်သူ၁ဦးကျည်ထိမှန်

April 7, 2021

မြင်းခြံမြို့တွင် စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးကျည်ဆန်ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း မြင်းခြံမြို့မှာ ဧပြီ ၆ ရက်ညပိုင်းက လက်နက်ကိုင် စစ်တပ်နဲ့ရဲတွေက ရပ်ကွက်တွေထဲ လိုက်လံပစ်ခတ်လို့  ပြည်သူ ၁ ယောက် ကျည်ဆန်ထိမှန်ခဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။

ဘာအကြောင်းမှမရှိဘဲ ည ၁၀ နာရီလောက်မှာ  လိုက်ပစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"လူတွေထွက်အောင်ခေါ်တဲ့သဘောလုပ်တာနဲ့တူတယ်။ ည ၁၁ နာရီလောက်မှာ EPC ရုံးနားက တယောက် အိမ်ထဲမှာနေရင်း လက်ကိုထိတယ်။ ၁၂ ကျော်မှ ငြိမ်သွားတာ" လို့ ဒေသခံတယောက်က ပြောပါတယ်။

ရပ်ကွက်တွေ၊ လမ်းတွေအနှံ့ကို သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

1 month Ago
Up