ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ဝင်

March 13, 2021

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ဝင် ၁၂ ဦးကို ဒု-မြိုနယ်အုပ်ချုပ်​ရေးမှူးက တရားစွဲ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့ဝင် ၁၂ ဦးကို မတ် ၁၂ ရက်​နေ့စွဲနဲ့ ဒု-မြို့နယ်အုပ်ချုပ်​ရေးမှူးက တရားလိုလုပ်ကာ နိုင်ငံ​တော်သစ္စာ​ဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ တရားရုံးကို ဦးတိုက်​​​လျောက်ကာ တရားစွဲခဲ့တာလို့ သိရပါတယ်။

တရားစွဲခံရတဲ့သူ​တွေက​တော့ ပုလဲမြို့နယ်ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်ခင်စန်းလှိုင် နဲ့ တိုင်း​ဒေသကြီး ၁ လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်ထက်အပါဝင် ၁၂ ဦးဖြစ်ပါတယ်။

"တရားလိုက​တော့ ပုလဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်​အောင်​ က လုပ်​ပေးရတာပေါ့။ အဓိကခိုင်းတာက စစ်တပ်ကခိုင်းတာ​ပေါ့။ ခိုင်း​တော့ မြို့နယ်အဆင့်ကလူ​တွေက လုပ်​ပေးရတာ​ပေါ့။ ပုလဲမှာ တပ်က ၈ ​ယောက်​လောက်ရှိတယ်​လေ။ ကျ​နော်တို့ ပအဖ အဖွဲ့ဝင် ၁၂ ဦးကို တရားရုံးကို ဦးတိုက်​လျှောက်လိုက်တာ​ပေါ့။ ကျ​နော်တို့က​တော့ ကြိုက်တဲ့ပုဒ်မတပ်ပါ။ လုပ်စရာရှိတာ ဆက်လုပ်​နေမှာပါ” လို့ ပုလဲမြို့နယ် တိုင်း​ဒေသကြီး ၁ လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်ထက်က ​ပြောပါတယ်။

9 months Ago
Up