ပြည်သူ့အင်အားဦးစီးဌာန

A d v e r t i s e m e n t With Us

April 2, 2020

ဧပြီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၄ ဒသမ ၅၈ သန်းရှိ

၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်နေ့မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေဟာ ၅၄ ဒသမ ၅၈ သန်းရှိတယ်လို့  ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာက ရရှိတဲ့ လူဦးရေကို အခြေခံပြီး ခန့်မှန်းတွက်ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ နေ့ရက်မှာရှိတဲ့ တိုင်းဒေသကြီးအလိုက် ခန့်မှန်းလူဦးရေစာရင်းတွေကတော့ ရန်ကုန်တိုင်းမှာ ၈ ဒသမ ၃၉ သန်း၊ မန္တလေးတိုင်းမှာ ၆ ဒသမ ၅၄ သန်း၊ ဧရာဝတီတိုင်းမှာ ၆ ဒသမ ၂၇ သန်း၊ စစ်ကိုင်းတိုင်းမှာ ၅ ဒသမ  ၅၉ သန်း၊ တနင်္သာရီတိုင်းမှာ ၁ ဒသမ ၄၉ သန်း ၊ ပဲခူးတိုင်းမှာ ၄ ဒသမ ၉၄ သန်း၊ မကွေးတိုင်းမှာ ၃ ဒသမ ၉၃ သန်းရှိပါတယ်။  ပြည်နယ်တွေထဲမှာတော့ ရှမ်းပြည်နယ်က ၆ ဒသမ  ၄၃ သန်း၊ ကချင်ပြည်နယ်က ၁ ဒသမ ၉၂ သန္း၊   ကယား ပြည်နယ်က ၀ ဒသမ ၃၃ သန်း၊ ကရင်ပြည်နယ်က ၁ ဒသမ ၆၁ သန်း၊ ချင်းပြည်နယ်က ၀ ဒသမ ၅၂ သန်း၊ မွန်ပြည်နယ်က  ၁ ဒသမ ၉၉ သန်း၊ ရခိုင်ပြည်နယ်က ၃ ဒသမ ၃၄ သန်းနဲ့ နေပြည်တော်ကောင်စီ ကတော့ ၁ ဒသ ၂၉ သန်း အသီးသီးရှိပါတယ်။
11 months Ago
Up